Mon the 16th: Optional memorial of Hedwig, religious; Margaret Mary Alacoque, virgin.
Rom 1:1-7; Ps 98:1-4; Ps 95:8; Luke 11:29-32
ရောမသြဝါဒစာ အခန်းကြီး ၁(Rom 1:1-7);
၁ လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊
၂-၃ သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသော ဝိညာဉ်အားဖြင့်၊
၎ တန်ခိုးနှင့်တကွဘုရားသခင်၏ သားတော်ထင်ရှားဖြစ်တော်မူသောငါတို့သခင် ယေရှုခရစ် တည်းဟူသော မိမိသားတော်ကိုအကြောင်းပြု၍ဘုရားသခင်သည် ရှေးကမိမိပရောဖက်များ အားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ခန့်ထား သောယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
၅ ဘုရားသခင်ချစ်တော်မူ၍၊
၆ သန့်ရှင်းသူ အရာ၌ခန့်ထားသောရောမ မြို့သူမြို့သားအပေါင်းတို့ကိုကြားလိုက်ပါ၏။
၇ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော် ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍လူမျိုး အပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှါ၊ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည်ခံရကြပြီ။ ထိုသခင်ခေါ်ထား တော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-4);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:29-32);
၂၉ လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သော အမျိုး ဖြစ်၏။ နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပယောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ် လက္ခဏာကိုမျှ မျှသူတို့အား မပြရာ။ ၃၀ ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည်ဤ လူမျိုးအားဖြစ်လိမ့်မည်။
၃၁ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသော မိဖုရားသည် ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကိုနားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန် ထက်သာ၍ ကြီးမြတ်သောသူရှိ၏။