Saturday, 7 October 2017

07-OCT-2017 (READING -ORD26-YA-C1)

Sat the 7th:    Memorial of Our Lady of the Rosary.
Bar 4:5-29; Ps 69:33-37; Matt 11:25; Luke 10:17-24

ဘာရုအနာဂတ္တိကျမ်း Bar 4:5-29

၅။ အစ္စရေးလ်၏ အောက်မေ့ဖွယ်ဖြစ်သော ငါ၏လူများ တို့ သတ္တိမွေးကြလော့။
၆။ သင်တို့ကိုလုံးဝပျက်စီးဆုံးရှုံး စေခြင်းငှာတိုင်းတစ်ပါးနိုင်ငံများသို့သင်တို့ရောင်းချခံခဲ့ရခြင်းသည် သင်တို့၏ ပျက်စီးဆုံးရှုံးခြင်းအတွက် မဟုတ်။ သင်တို့သည် ဘုရားသခင်ကိုဒေါသအမျက် ထွက်စေသောကြောင့် ရန်သူများလက်သို့ သင်တို့ကို အပ်နှံခဲ့ခြင်းသာဖြစ်၏။
၇။ အကြောင်းမူကား သင်တို့သည် ဘုရားသခင်အား ယဇ်ပူဇော်ခြင်း မြုပဘဲ နတ်ဆိုးများအား ပူဇော်ပသ ခြင်းကြောင့် သင်တို့၏ဖန်ဆင်းရှင်ကို အမျက်ဒေါသ ထွက်စေခဲ့ပြီ။
၈။ သင်တို့ကိုကြည့်ရှုစောင့်ရှောက်တော်မူ သောထာဝရဘုရားသခင်ကို သင်တို့သည် မေ့လျော့ ကြ၍သင်တို့ကိုမွေးထုတ်ြုပစုပေးခဲ့သောဂျေရုဆလင်ြုမိ့ကို ဝမ်းနည်းကြေကွဲစေခဲ့ကြ၏။
၉။ သူမသည် သင်တို့ အပေါ်မှာ ဘုရားသခင်ထံမှလာသော အမျက်တော်ကို မြင်တွေ့သောအခါ ဤကဲ့သို့ဆို၏။ ဇီအုန်၏အိမ်နီး နားချင်ြးုမိများတို့ နားထောင်ကြလော့၊ ဘုရားသခင် သည် ငါ့အပေါ်မှာ ကြီးစွာသောဝမ်းနည်းကြေကွဲခြင်း ကိုသက်ရောက်စေတော်မူပြီ။
၁၀။ထာဝရဘုရားသခင်စီရင်ထားတော်မူသည့်အတိုင်းငါ၏သားသမီးများသည်သုံ့ပန်းများအဖြစ်ခေါ်ဆောင်သွားခြင်းခံရသည်ကိုငါမြင် ခဲ့ရ၏။
၁၁။ ငါသည်သူတို့ကိုဝမ်းမြောက်ဝမ်းသာစြွာုပစုပျိုးထောင်ခဲ့၏။ သို့သော် သူတို့ရပ်ဝေးသို့ထွက်ခွာသွား ကြရသည်ကို ဝမ်းနည်းကြေကွဲလျက်  မျက်ရည်များ အကြားမှ မြင်ခဲ့ရ၏။
၁၂။ ငါသည်အများက စွန့်ပစ်ထားသောမုဆိုးမဖြစ်ရသည့် ငါ့အပေါ်မှာမည်သူမျှဝမ်းမြောက်ရွှင်လန်းခြင်း မရှိစေ  နှင့်။ သားသမီးတို့၏ အပြစ်များကြောင့် တစ်ကိုယ် တည်း ခိုကိုးရာမဲ့ကျန်ရစ်ခဲ့ရပြီ။ အဘယ်ကြောင့်ဆို သော် သူတို့သည် ဘုရားသခင်၏ပညတ် ဥပဒေကို  စွန့်ပစ်ခဲ့ကြသောကြောင့်ဖြစ်၏။
၁၃။ သူတို့သည် ပညတ်ဥပဒေ၏ သွန်သင်ချက်များကို ဂရုမစိုက်ကြဘဲ ပညတ်တော်များကညွှန်ပြသောလမ်း များကိုလည်း မလျှောက်လှမ်းခဲ့ကြချေ။   ဖြောင့်မတ်
ခြင်းသို့ ပို့ဆောင်သော ကိုယ်တော်၏သွန်သင်ချက် များကိုလည်း မလိုက်နာခဲ့ကြပေ။
၁၄။ဇီအုန်၏အိမ်နီးနားချင်းတို့ကိုလာရောက်စုရုံးကြပါစေ။ထာဝရဘုရားသခင်၏စီရင်ချက်အတိုင်းငါ၏သားသမီးများဖမ်းဆီးခေါ်ဆောင်ခံရခြင်းကိုအောက်မေ့ သတိရကြပါစေ။
၁၅။ အကြောင်းမူကား သူတို့အား ဆန့်ကျင်တိုက်ခိုက်ရန် သက်ကြီးရွယ်အိုများကို ဦးစားပေးခြင်းမရှိဘဲကလေး သူငယ်များအပေါ် သနားညှာတာခြင်းကင်းမဲ့သောလူမျိုး၊ရိုင်းစိုင်း၍ဘာသာစကားမတူသောရပ်ဝေးမှလူမျိုးတစ်မျိုးကို ကိုယ်တော်သည် ခေါ်ဆောင်တော်မူခဲ့၏။
၁၆။ သူတို့သည် မုဆိုးမ၏ မှီခိုအားထားရာ သားများနှင့်  သမီးများတို့ ခေါ်ဆောင်သွားကြပြီး၊ သူမအား အထီး  
၁၇။ ကျန်ဖြစ်စေခဲ့၏။ သို့သော်ငါမူကားသင့်ကိုငါမည်ကဲ့ သို့ကူညီရမည်နည်း။
၁၈။ အကြောင်းမူကားသင့်အပေါ်သို့  ဤဘေး ဒုက္ခများသက်ရောက်စေတော်မူခဲ့သောကိုယ် တော်သည် ရန်သူများလက်မှ သင့်ကို ရွေးနှုတ်ကယ် တင်တော်မူလိမ့်မည်။
၁၉။ သွားကြလော့၊ ငါ၏သားသမီး များတို့ သွားကြလော့။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း ခိုကိုးရာမဲ့ကျန်ရစ်ခဲ့ရပြီ။
၂၀။ ငါသည် ငြိမ်းချမ်းသာယာသော ကာလ၏ ဝတ်ရုံကို ချွတ်ခွာ၍ ဝမ်းနည်းခြင်းနှင့် ဆုတောင်းခြင်းကာလ တွင် ဝတ်ဆင်ရသော လျှော်တေအဝတ်ကြမ်းကို ဝတ် လျက် ငါ၏ဘဝတစ်လျှောက်လုံးထာဝရဘုရားသခင်  
၂၁။ ထံငါသည်အော်ဟစ် အသနားခံမည်။ သတ္တိမွေးကြ လော့။ ငါ့သားသမီးတို့ ဘုရားသခင်ထံ အော်ဟစ် အသနားခံကြလော့။ကိုယ်တော်သည်သင်တို့ကိုရန်သူ ၏ ဖိနှိပ်ချုပ်ချယ်မှုအောက်မှကယ်တော်မူလိမ့်မည်။
၂၂။ အကြောင်းမူကားထာဝရဘုရားသခင်သည်သင်တို့ကို ကယ်တင်မည်ကိုမျှော်လင့်ထားသောကြောင့်သန့်ရှင်း သောသခင်ထံမှဝမ်းမြောက်ခြင်းသည်ငါ့ထံသို့ရောက်လာ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ထာဝရ ကယ်တင်ရှင်ထံမှ သနားကရုဏာတော်သည်သင်တို့ ထံသို့မကြာမီရောက်လာလိမ့်မည်။
၂၃။ ဝမ်းနည်းကြေကွဲခြင်းနှင့် မျက်ရည်များအကြားမှသင် တို့ကိုငါလက်လွှတ်ခဲ့ရ၏။သို့သော်ဘုရားသခင်သည်အစဉ်ထာဝရ ပျော်ရွှင်ခြင်းနှင့်  ဝမ်းမြောက်ခြင်းတို့၌  
၂၄။ သင်တို့ကိုငါ့အား ပြန်ပေးလိမ့်မည်။ ဇီအုန်၏အိမ်နီး ချင်းများသည် သင်တို့ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းကို ယခု မြင်တွေ့ကြရသကဲ့သို့ ထာဝရဘုရားသခင်၏ ကြီးစွာသော ဘုန်းဂုဏ်တော်နှင့်ဂုဏ်ကျက်သရေထင် ရှားတော်မူသောအခါသူတို့သည်သင်တို့၏ကယ်တင် ခြင်းကိုမြင်ကြရလိမ့်မည်။
၂၅။ ငါ့သားသမီးများတို့၊ဘုရားသခင်ထံမှလာသောအမျက်တော်ကိုစိတ်ရှည်စွာသည်းခံကြလော့။ ရန်သူသည် သင်တို့ကို အနိုင်အထက်ြုပ သော်လည်း မကြာမီ သင်တို့သည်သူတို့၏ပျက်စီး ခြင်းကို မြင်ကြရ၍ သူတို့၏အပေါ်မှာ  သင်တို့တက်  နင်းကြရလိမ့်မည်။
၂၆။ ငါ၏ နူးညံ့သော သားသမီးများ သည် ကြမ်းတမ်းသော လမ်းများပေါ်မှာခရီြးုပခဲ့ကြရ ၏။ သူတို့သည်အခိုးခံရသောတိရစ္ဆာန် အုပ်ကဲ့သို့ရန်
၂၇။ သူ၏ မောင်းနှင်သွားခြင်း ခံခဲ့ကြရ၏။ သတ္တိမွေးကြ လော့။ ငါသားသမီးတို့၊ ဘုရားသခင်ထံ အော်ဟစ် အသနားခံကြလော့။ အကြောင်းမူကားသင်တို့အပေါ်  အပေါ်တွင် ဤကဲ့သို့ ဖြစ်ပျက်စေခဲ့သော ကိုယ်တော် သည် သင်တို့ကို သတိရတော်မူတော်လိမ့်မည်။
၂၈။ သင်တို့သည် ဘုရားသခင်ထံမှထွက်ခွါ၍လမ်းမှားသို့ ရောက်သွားကြသကဲ့သို့ ယခုလည်း ဆယ်ဆပို၍စိတ် အားထက်သန်စွာကိုယ်တော့်ကိုရှာဖွေကြလော့။
၂၉။ အကြောင်းမူကား ဤဘေးဒုက္ခများကို သင်တို့အပေါ် မှာ သက်ရောက်စေခဲ့သောကိုယ်တော်သည်သင်တို့၏ ကယ်တင်ခြင်းနှင့်အတူ ထာဝရ ဝမ်းမြောက်ရွှင်လန်း ခြင်းကိုလည်း ပေးတော်မူလိမ့်မည်။


ဆာလံကျမ်း အခန်းကြီး ၆၉ (Ps 69:33-36);

၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားးကို နားထောင် တော်မူ၏၊၊ အချုပ် ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်၊၊
၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည် သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော၊၊
၃၅ ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍ ယုဒမြို့ တို့ကို ပြုစုတော်မူသဖြင့် ထိုသူတို့သည် နေ၍ ပိုင်ရကြလိမ့်မည်၊၊
၃၆ ကျွန်တော်မျိုး၏ သားမြေးတို့ သည် ထိုမြို့ကို အမွေခံရ၍ နာမတော်ကို ချစ်သောသူတို့သည် နေရာကျရကြလိမ့်မည်၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);

၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:17-24);

၁၇ ထိုခုနစ်ကျိပ်သောတပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍၊ သခင်၊ ကိုယ်တော် ၏နာမ အားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟုလျှောက်ကြ၏၊
၁၈ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ။
၁၉ သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေးမည်။ သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။
၂၀ သို့သော်လည်း နတ်ဆိုးကိုနိုင်ရသော ကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။
၂၁ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော် မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ် ထားလျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလို တော်ရှိသောကြောင့် မှန်ပါ၏၊ အဘ။
၂၂ ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူ ဖြစ်သည်ကို ခမည်းတော်ထံမှတပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို သားတော်နှင့်သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။
၂၃ ထိုအခါ တပည့်တော်တို့ကိုလှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။
၂၄ ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုတော်ရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါအလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။