Saturday, 28 October 2017

28-OCT-2017 (READING -ORD29-YA-C1)

Sat the 28th:    Feast of Simon and Jude, apostles.
Rom 8:1-11; Ps 24:1-6; Ezek 33:11; Luke 13:1-9


ရောမသြဝါဒစာ အခန်းကြီး (Rom 8:1-11);


ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့်ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။
ယေရှုခရစ်၌တည်၍အသက်ရှင် စေသောဝိညာဉ်တော်၏ တရားသည်အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ် လွှတ်ပြီ။
ဇာတိပကတိကြောင့် ပညတ်တရားသည်အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှါ၊ အပြစ်နှင့် ပြည့်စုံသောဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကိုဒဏ်ပေးတော်မူ၏။
အကြောင်းမူးကား၊ ဇာတိပကတိ အတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသောပညတ်တို့ကို စောင့်ရှောက် မည်အကြောင်းတည်း။
ဇာတိပကတိရှိသောသူတို့ သည် ဇာတိပကတိနှင့်စပ်ဆိုင်သော အရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။
ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ်သဘောသည်အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။
အဘယ်ကြောင့် နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည်ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။
ထိုကြောင့် ဇာတိပကတိ၌ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။
သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိ ဘက် ၌ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။
၁၀ ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
၁၁ ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေ တော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သောသင်တို့၏ ကိုယ်ကာယကိုပင်ရှင်စေတော်မူမည်။


ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);


ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။         
ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌  အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။


ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၃ (Ezek 33:11);


၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏၊၊ အိုဣသရေလအမျိုးသးတို့ သင်တို့လိုက်သောလမ်းဆိုးမှလွှဲကြလော့၊ လွှဲ ကြလော့၊ အဘယ်ကြောင့်အသေခံလိုကြသနည်း။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:1-9);


ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏ အသွေးကို မိမိတို့ပူဇော်သောယဇ် ကောင်တို့နှင့် ရောနှောကြောင်းကိုလျှောက်ကြလျှင်၊
ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဟု ငါဆို၏။
ထိုမှတပါး၊ ရှိလောင်ပြ အိုးလဲ၍ ပိသောသူတကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တမရလျှင် ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကိုရှာသော်လည်း မတွေ့။
ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကိုရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့်မြေကို နှောက်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ် ရှိပါစေဦး။
အကျွန်ုပ်သည် အပင်နား ပတ်လည်ကို တူးဆွ၍ နောက်ချေးကိုဖို့ပါမည်။
အသီးသီးကောင်းသီးပါ လိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။