Sat the 10th: Joel 3:12-21; Ps 97:1-12; Luke 11:28; Luke 11:27-28
ယောလအနာဂတ္တိကျမ်း အခန်းကြီး ၃ (Joel 3:12-21);
၁၂ တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တတ်လာကြစေ။ ပတ်လည်၌နေသောတပါးအမျိုးသား အပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှါ၊ ထိုအရပ်၌ ငါထိုင်မည်။
၁၃ ရိတ်စရာစပါးမှည့်သောကြောင့် တံစဉ်ကိုလွှတ်ကြလော့။ စပျစ်သီးနယ်ရာတန်ဆာပြည်၍၊ စပျစ်ရည်ကျင်း တို့သည် လျှံသောကြောင့်လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသောဒုစရိုက်အပြစ်သည် ကြီးလှ၏။
၁၄ ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏ ချိုင့်တို့သည်ရောက်လုနီးပြီ။
၁၅ နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
၁၆ ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင် ထာဝရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့သည် အစွမ်းသတ္တိ ဖြစ်တော်မူလိမ့်မည်။
၁၇ ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာ နေသောသင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့သည် လည်း သန့်ရှင်းလိမ့်မည်။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသားမနင်းရ။
၁၈ ထိုကာလ၌ ချိုသောစပျစ်ရည်သည် တောင်တို့မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။
၁၉ ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသောတောဖြစ်လိမ့်မည်။
၂၀ ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။
၂၁ ထိုမြို့သား တို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့် ငါသည်မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည်။ ထာဝရဘုရားဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။
ဆာလံကျမ်း အခန်းကြီး ၉၇ (Ps 97:1-12);
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့် လောင်လေ၏။
၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊
၈ အိုထာဝရဘုရား ကိုယ်တော်သည်တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့် ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏၊၊ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏၊၊
၉ အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊
၁၀ ထာဝရားဘုရားကို ချစ်တော်မူသောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့၊၊ ကိုယ်တော်၏ သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏ လက်မှလည်းကယ်နှုတ် တော်မူ၏၊၊
၁၁ အလင်းသည်တရားသောသူတို့ အဘို့ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့ အဘို့ပျိုးကြဲလျက်ရှိကြ၏၊၊
၁၂ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကို အမှီပြု၍ဝမ်းမြောက်ကြလော့၊၊ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:28);
၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:27-28);
၂၇ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကိုလွယ် သော ဝမ်းနှင့်စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ ဟုလျှောက်လျှင်၊
၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။