Thu the 29th: Rom 8:31-39; Ps 109:21-31; Luke 19:38; 2:14; Luke 13:31-35
ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:31-39);
၃၁ သို့ဖြစ်၍ဤအရာများ တို့၌အဘယ်သို့ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော် မူလျှင်၊ အဘယ်သူသည်ငါတို့တဘက်၌နေနိုင်မည်နည်း။
၃၂ မိမိသား တော်ရင်းကိုမနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော် မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါတို့အား မပေးဘဲအဘယ်သို့နေတော်မူမည်နည်း။
၃၃ ဘုရားသခင် ရွေးကောက်တော် မူသော သူတို့ကိုအဘယ်သူသည် အပြစ်တင်မည်းနည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရား သခင်ပေတည်း။
၃၄ အပြစ်စီရင်သော သူကားအဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှ ထမြောက်၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။
၃၅ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။
၃၆ အကယ်စင်စစ်ကိုယ် တော်အတွက် အကျွန်ုပ်တို့သည်အစဉ်မပြတ် အသေသတ်ခြင်းကိုခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကိုသူတပါးမှတ်တတ်ကြပါ၏ ဟုကျမ်းစာလာသည်နှင့် အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ် အမှုသည်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း။
၃၇ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင်အထူးသဖြင့်အောင် မြင်ကြ၏။
၃၈ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင် ဟု ငါသည်သဘော ကျလျက်ရှိ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၉ (Ps 109:21-31);
၂၁ အို ဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ၊ ကရုဏာတော် ကောင်းသည်ဖြစ်၍ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၂၂ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏၊၊ အကျွန်ုပ်အထဲ၌ နှလုံး နာလျက် ရှိပါ၏၊၊
၂၃ ရှည်လျားသောအရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွားပါ၏၊၊ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက် ရှိပါ၏၊၊
၂၄ အစာမစားဘဲနေသောကြောင့် ဒူးဆစ်နုန့်နဲ့၍ အသားလည်း လျော့ပါ၏၊၊
၂၅ အကျွန်ုပ်သည်လည်း သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်၍ သူတို့သည် အကျွန်ုပ်ကိုမြင်သော အခါ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏၊
၂၆ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်ကို မစတော်မူပါ၊၊ ကရုဏာတော်ရှိသည်အတိုင်း ကယ်တင်တော်မူပါ၊၊
၂၇ ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူသည်ဟု ထိုသူတို့သည် သိကြပါစေသော၊၊
၂၈ ထိုသူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ၊၊ သူတို့သည်ထသော အခါ အရှက်ကွဲကြပါစေသော၊၊ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော၊၊
၂၉ အကျွန်ုပ်၏ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကို ဝတ်၍ စောင်နှင့် ခြုံသကဲ့သို့ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကို ခြုံကြပါစေသော၊၊
၃၀ အကျွန်ုပ် သည် နှုတ်မြွက် ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်၊၊ များစွာသော သူတို့၏အလယ်မှာ ချီးမွမ်းပါမည်၊၊
၃၁ အကြောင်းမူကား ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့လက်မှ ကယ်တင်ခြင်းငှါ သူ၏ လက်ျာဘက်မှာ ရပ်၍ နေတော်မူတတ်၏၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:38; 2:14);
၃၈ ထာဝရဘုရား၏အခွင့်နှင့် ကြွလာ တော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း ဟုကြွေးကြော်ကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂
၁၄ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:31-35);
၃၁ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကို သတ်မည်အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က သင်တို့သွားကြလော့။
၃၂ ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။
၃၃ သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား ယေရုရှလင်မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှမဆုံးရာ။
၃၄ အိုယေရုရှလင်မြို့၊ ယေရုရှင်ရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူ တို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာငါအလိုရှိ၏။ သင်မူကား အလိုမရှိ။
၃၅ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသော ဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။