Sun the 18th: Psalter I, Ordinary Time Week 29.
(Feast of Luke, evangelist.)
Isa 53:10-11; Ps 33:4-22; Heb 4:14-16; Mark 10:35-45
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၃ (Isa 53:10-11);
၁၀ ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူသည်၊၊ သူသည်အပြစဖြေသော ယဇ် ကို ပူဇော်ပြီးမှ အမျိုးအနွှယ်တော်ကို မြင်ရလိမ့်မည်၊၊ အသက်တော်လည်း ရှည်လိမ့်မည်၊၊ ထာဝရဘုရား ၏ အကြံတော်သည်လည်း သူ၏ လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်၊၊
၁၁ မိမိစိတ်ဝိညာဉ် ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်၍ အားရလိမ့်မည်၊၊ ထိုဖြောင့်မတ်သောငါ၏ ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည်အများသော သူတို့ ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်၊၊ သူတို့၏ အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏၊၊
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:4-22);
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရ ဘုရားကို မြော်လင့်လျက်နေ၏၊၊ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏၊၊
၂၁ သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:14-16);
၁၄ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီး သောအရာ၌ တည်ကြည်ကြကုန်အံ့။
၁၅ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
၁၆ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း ခံရမည်အကြေင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:35-45);
၃၅ ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်သည် အထံတော်သို့ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့ တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။
၃၆ ကိုယ်တော်က ငါသည်သင်တို့ကို အဘယ်သို့ပြုစေချင်သနည်းဟု မေးတော်မူသော်၊
၃၇ ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။
၃၈ ယေရှုကလည်း သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသော ဗတ္တိဇံ ကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလော ဟုမေးတော်မူလျှင်၊
၃၉ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သော ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်၊ ငါခံသော ဗတ္တိဇံ ကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။
၄၀ သို့သော်လည်း ငါ့လက်ျာဘက် လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလိုငှါ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။
၄၁ အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက် ကြ၏။
၄၂ ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
၄၃ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူး ပြုလိုသော သူသည် သင်တို့အစေခံဖြစ်ရမည်။
၄၄ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည် လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။
၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။