Fri the 2nd: Memorial of Guardian Angels.
Bar 1:15-22; Ps 79:1-9; Ps 95:8; Luke 10:13-16
ဘာရုအနာဂတ္တိကျမ်း (Bar 1:15-22)း
၁၅။ထို့နောက်သင်တို့သည်ဤသို့ဆိုကြလော့။ တပည့်တော်တို့၏ သခင်ထာဝရဘုရားသည် တည်ကြည် ဖြောင့်မှန်တော်မူပါ၏။
၁၆။သို့သော် ယနေ့ထက်တိုင် တပည့်တော်တို့ ဂျုဒပြည် သားများ၊ဂျေရုဆလင်ဉမိ့သူဉမိ့သားများ၊ တပည့်တော် တို့၏ဘုရင်များနှင့်မင်းညီမင်းသားများ၊တပည့်တော်တို့ရဟန်းများ၊ပရောဖက်များနှင့် တပည့်တော်တို့ဘိုး ဘေးများတို့သည်အရှက်ကွဲခြင်းနှင့် ရှုပ်ထွေးခြင်းများ ကိုကြုံတွေ့ခဲ့ကြပါ၏။
၁၇။အဘယ်ကြောင့်ဆိုသော်တပည့်တော်တို့သည် သခင်ဘုရား ရှေ့တော်မှာ အပြစ်မ ကောင်းမှုကို ကျူးလွန်ခဲ့မိကြပြီး။
၁၈။ ကိုယ်တော်ကို ပုန် ကန်၍ကိုယ်တော်ထားပေးသော ပညတ်ဥပဒေများကို မလိုက်နာခဲ့ကြသည်သာမကကိုယ်တော်၏အသံတော်ကိုလည်း နားမထောင်ခဲ့ကြပါ။
၁၉။သခင်ဘုရားသည် တပည့်တော်တို့ ဘိုးဘေးများကို အီဂျစ်ပြည်မှ ခေါ်ဆောင်လာခဲ့သော နေ့မှစ၍ ယနေ့ ထက်တိုင် တပည့်တော်တို့သည် ထာဝရဘုရားသခင် ကို မနာခံဘဲ ကိုယ်တော်၏ အသံကို နားထောင်ရန် ငြင်းဆန်ခဲ့ကြပါ၏။
၂၀။ထို့ကြောင့်ဘိုးဘေးများကိုအီဂျစ် ပြည်မှခေါ်ထုတ်၍နို့နှင့်ပျားရည်စီးဆင်းသောနိုင်ငံသို့ ခေါ်ဆောင်ခဲ့စဉ်ကိုယ်တော်၏အစေခံမိုးဇက်အားဖြင့် မိန့်မှာ ကျိန်ဆိုတော်မူခဲ့သည့်အတိုင်းတပည့်တော်တို့ သည် ဤကျိန်စာသင့်၍ကျရောက်သောဘေးဒုက္ခများ ကိုယနေ့ထက်တိုင်ခံစားနေရဆဲရှိပါ၏။
၂၁။ကိုယ်တော် စေလွှတ်တော်မူသော ပရောဖက်တို့၏ ဟောပြောချက်များ၌ တပည့်တော်တို့ တစ်ဦးစီသည်
၂၂။မိမိ၏ မကောင်းသော စိတ်အလိုကိုလိုက်၍ အခြား ဘုရားများကို ကိုးကွယ် ရှိခိုးကြပြီး တပည့်တော်တို့ သခင် ထာဝရဘုရား၏ ရှေ့မျက်မှောက်တော်တွင် အပြစ် မကောင်းမှုကိုဉပမိခဲ့ကြပါပြီ။
ဆာလံကျမ်း အခန်းကြီး ၇၉ (Ps 79:1-9);
၁ အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။
၂ ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်းကောင်းကင် ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊
၃ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌ သွန်ကြ၍၊ သဂြိုလ်သော သူလည်းမရှိပါ။
၎ အကျွန်ုပ်တို့ သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌နေသော သူများပြက်ယယ်ပြု၍ အရှက်ခွဲရာဖြစ်ကြပါ၏။
၅ အိုထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည်မပြေ၊ မီးကဲ့သို့လောင်ပါမည်နည်း။
၆ ကိုယ်တော်ကို မသိသောတပါး တပါးအမျိုးသားတို့အပေါ်သို့၎င်း၊ နာမတော်ကို ပဌာနာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။
၇ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။
၈ ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန်နှိမ့်ချလျက် ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျှင်အမြန်ကူမပါစေသော။
၉ ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက် ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:13-16);
၁၃ အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင်ပြသောတန်ခိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည်ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှာထိုင်လျက် နောင်တရကြလိမ့်မည်။
၁၄ တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည်တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။
၁၅ အို ကပေရနောင်မြို့၊ သင်သည်မိုဃ်းကောင်း ကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။
၁၆ သင်တို့၏စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော် မူသောသူကိုပယ်သည်ဟု မိန့်တော်မူ၏။