Saturday, 17 October 2015

17-OCTOBER-2015 (READING)

Sat the 17th:        Memorial of Ignatius of Antioch, bishop and martyr.
Rom 4:13-18; Ps 105:6-43; John 15:26, 27; Luke 12:8-12

ရောမသြဝါဒစာ အခန်းကြီး ၄ (Rom 4:13-18);

၁၃ ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှ စသောသူ၏ အမျိုးအနွှယ်တို့သည် ပညတ်တရား အားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်းအားဖြင့်ရကြ၏။
၁၄ အကြောင်းမူကား၊ ပညတ် တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ဂတိတော်လည်း အချည်းနှီး ဖြစ်၏။
၁၅ ပညတ်တရားသည်ကားအမျက်ဒေါသနှင့်စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။
၁၆ ထိုကြောင့်၊ ဂတိတော်သည်ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွှယ် တို့၌ပြည့်စုံ သည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွှယ် အပေါင်းတို့၌ ပြည့်စုံမည် အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်း တရား ကိုသာအမှီပြု၍ ရောက်နိုင်၏။
၁၇ ငါသည်သင့်ကိုလူမျိုးအများတို့၏ အဘဖြစ်စေ၏ ဟုကျမ်းစာ၌ လာသည် နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသော အရာတို့ ကို ဖြစ်သောအရာကဲ့သို့မှာထားတော်မူ သောဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။
၁၈ သင်၏အမျိုးအနွှယ်သည် ထိုသို့ ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည်လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာ အကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။

ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:6-43);

၆ ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
၁၃ သူတို့သည် တမြို့မှ တမြို့သို့၎င်း၊ တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
၁၄ သူတို့ကို ညှင်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ၊ သူတို့အတွက်လည်း ရှင်ဘုရင်ကို  ဆုံးမလျက်၊
၁၅ ငါ့ထံ၌ ဘိတ်သိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
၁၆ တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖြတ်တော်မူသောအခါ၊
၁၇ ကျွန်ဖြစ်စေဘို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာစေလွှတ်တော်မူ၏။
၁၈ သူ့ ကိုခြေချင်းခတ်၍ သံနှင့်ညှင်းဆဲကြသည်။
၁၉ သူ၏စကားမပြည့်စုံမီ တိုင်အောင်၊ ထာဝရဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
၂၀ လူတို့ကိုအစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။
၂၁ သူသည်  မိမိအလိုရှိသည့် အတိုင်းမင်းအရာရှိတို့ကို ချည်နှောင်၍၊ မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင်သော
၂၂ အခွင့်နှင့်နန်းတော်အုပ်  ၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
၂၃ ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာ ပြည်၌ တည်းခို၏။
၂၄ ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြားစေ၍၊ ရန်သူတို့ထက်အားကြီးစေတော်မူ၏။
၂၅ မိမိလူတို့ကို ရန်သူတို့သည် မုန်း၍၊မိမိကျွန်တို့ကို ပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့စိတ်နှလုံးကို ပြောင်းလဲစေ တော်မူ၏။
၂၆ တဖန်မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွတ်တော်မူ၏။
၂၇ အဲဂုတ္တုပြည်သား တို့တွင် လက္ခဏာသက်သေတော်တို့ကို  ပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။
၂၈ မှောင်မိုက်ကို စေလွှတ်၍၊ မိုက်မဲစေတော်မူ၏။သူတို့ သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရ။
၂၉ သူတို့ရေများ ကို အသွေးဖြစ်စေ၍၊ ငါးများကိုသေစေတော်မူ၏။
၃၀ သူတို့  မြေသည်များစွာသောဘားတို့ကို မင်းအိပ်ရာ အခန်းတို့၌ ပင်ဘွားလေ၏။
၃၁ အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည်လုံးကို  နှံပြားကြ၏။
၃၂ မိုဃ်းရေအစားမိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ်မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
၃၃ သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘော သဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ ရှိသောသစ်ပင်များကို ချိုးတော်မူ၏။
၃၄ အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့ သည် လာ၍၊
၃၅ သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေသြဇာအသီး အနှံတို့ကို၎င်းကိုက်စားကြ၏။
၃၆ သူတို့အစွမ်းသတ္တိ အထွဋိအမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူသည်။
၃၇ မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတစ်ယောက်မျှ မရှိ။
၃၈ အဲဂုတ္တုပြည်   သည်သူတို့ကိုကြောက်သောကြောင့်၊ သူတို့သည်ထွက်သွားသော အခါ တပြည်လုံးဝမ်းမြောက် ၏။
၃၉ သူတို့အပေါ်မှာ မိုဃ်းတိမ်ကို ဖြန့်မိုး၍ညဥ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။
၄၀ သူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။
၄၁ ကျောက်ကို လည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။
၄၂ အကြောင်းမူ ကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော်မူ၏။
၄၃ ရွေးကောက်တော် မူသော မိမိလူတို့ကို ဝမ်းမြောက်ရွင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။
၄၄ သူတို့သည်အထုံးအဖွဲ့တော်တို့ အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည့်အကြောင်း တပါးအမျိုးသားတို့၏ မြေကိုပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားကြရ၏။ ဟာလေလုယ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:26, 27);

၂၆ ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ငါစေလွှတ်လတံ့သော ဥပဇ္ဈယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၂၇ သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။ 




ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:8-12);

၈ ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ဘုရားသခင်၏ ကောင်းကင် တမန်တို့ရှေ့မှာ လူသားသည် ထိုသူကိုဝန်ခံမည်။
၉ အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုငြင်းပယ်အံ့၊ ဘုရားသခင်၏ကောင်း ကင်တမန်တို့ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။
၁၀ လူသားကို နှုတ်ဖြင့်ပြစ်မှားသော သူမည်သည်ကား၊ အပြစ်နှင့်လွတ် စေခြင်းအခွင့်ကိုရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူ မည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်း အခွင့်ကိုရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သော သူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။
၁၁ သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူး၊ မင်းများရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။
၁၂ အကြောင်းမူကား၊ ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသော ဝိညာဉ်တော်သည် အကြံပေးမည်ဟု မိန့်တော်မူ၏။