Friday, 30 October 2015

30-OCTOBER-2015 (READING)

Fri the 30th:    Rom 9:1-5; Ps 147:12-20; John 10:27; Luke 14:1-6

ရောမသြဝါဒစာ အခန်းကြီး ၉(Rom 9:1-5);

၁ ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌သက်သေခံလျက်၊ ငါသည်မုသားမပါ၊ ခရစ်တော်ရှေ့၌မှန်ကန်စွာပြောသည်ကား၊
၂ ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံး ထဲ၌မခြား မလပ်ပူပန်ခြင်းဝေဒနာရှိ၏။
၃ အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့ အတွက်၊ ငါသည်ကိုယ်တိုင်ခရစ်တော်နှင့် ခွါ၍ ကျိန်ခြင်းကိုခံချင်လောက်အောင်စိတ်ရှိ၏။
၎ ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့်၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း ဆိုင်ကြ၏။
၅ ဘိုးဘေးများတို့နှင့် ဆက်နွှယ်သောသူ လည်းဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုး အားဖြင့် ထိုသူတို့၏  အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည် လည်းခပ်သိမ်းသောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။

ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:12-20);

၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို  သူတို့မသိရကြ၊၊ ဟာလေလုယ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ 




ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄(Luke 14:1-6);

၁ တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။
၂ ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။
၃ ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူလျှင်၊
၎ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက် တော်မူ၏၊
၅ ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေမည့်သူတစုံတယောက်သည် သင်တို့တွင်ရှိ သလောဟု မေးတော်မူလျှင်၊
၆ ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။