Sun the 25th: Psalter II, Ordinary Time Week 30.
Jer 31:7-9; Ps 126:1-6; Heb 5:1-6; Mark 10:46-52
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၁ (Jer 31:7-9);
၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋိ၌ ကြွေးကြော်ကြလော့။ အိုထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆိုလျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
၈ သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီးစွန်းမှ စုသိမ်းမည်။ မျက်စိကန်း သောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သော မိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသောမိန်းမများလည်း ပါလျက်၊ ကြီးစွာသော အစည်းအဝေးတို့သည် ပြန်လာကြလိမ့်မည်။
၉ ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်းပဌနာပြု လျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏။
ဆာလံကျမ်း အခန်းကြီး ၁၂၆ (Ps 126:1-6);
၁ ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတ်ာမူသောအခါ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ်ကြ၏။
၂ ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့လျှာသည် သီဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီဟုဆိုကြ၏။
၃ ထာဝရ ဘုရားသည် ငါတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်ရှိနေကြ၏။
၎ အိုထာဝ ဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေ တော်မူပါ။
၅ မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
၆ မျက်ရည်ကျ လျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ် နှင့် အမှန်ပြန်လာလိမ့်မည်။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၅ (Heb 5:1-6);
၁ လူတို့တွင် ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာ ယဇ်ကို၎င်းပူဇော်၍၊ လူတို့အတွက်ဘုရားဝတ်ကို ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။
၂ သူသည်ကိုယ်တိုင် နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကိုသည်းခံခြင်းငှါ တတ်နိုင်၏။
၃ ထိုအကြောင်း ကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။
၎ ဘုရားသခင်သည် အာရုန်ကို ခေါ်တော်မူ သကဲ့သို့ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကိုမသိမ်းမယူရ။
၅ ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကိုမိမိမြှောက်သည် မဟုတ်။ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကိုငါ ဖြစ်ဘွားစေပြီဟု မိန့်တော်မူသော သူသည် ခရစ်တော်ကို ချီးမြှောက် တော်မူ၏။
၆ ထိုသို့နှင့်အညီ ကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်ဟုလာသတည်း။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:46-52);
၄၆ ယေရိခေါ မြို့သို့ရောက်ကြလျှင် တပည့်တော်တို့မှစ၍ များစွာသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသောလူကန်းသည် လမ်းနားမှာထိုင်၍တောင်းစားလေ၏။
၄၇ နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင် ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော် မူပါဟု ဟစ်ကြော်လေ၏။
၄၈ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေသော်၊
၄၉ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကိုခေါ်တော်မူသည်ဟု ဆိုကြ၏။
၅၀ ထိုသူသည် မိမိအဝတ်ကိုခြုံပြီးလျှင်၊ ထ၍ယေရှုထံတော်သို့ သွား၏။
၅၁ ယေရှုကလည်း၊ သင်၌အဘယ် သို့ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊
၅၂ အရှင်ဘုရား၊ အကျွန်ုပ်မျက်စိမြင်စေ ခြင်းငှါ ပြုတော်မူပါဟု လူကန်း လျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့လိုက်လေ၏။