Mon the 19th: Optional memorial of Paul of the Cross, priest.
Rom 4:20-25; Luke 1:69-75; Matt 5:3; Luke 12:13-21
ရောမသြဝါဒစာ အခန်းကြီး ၄ (Rom 4:20-25);
၂၀ ယုံမှားသောစိတ်နှင့် ကင်း၍ဘုရားသခင်၏ ဂတိတော် ကိုတွေးတော ခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကိုချီးမွမ်း၍၊
၂၁ ဂတိထားတော်မူသော သူသည် ဂတိတော် အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။
၂၂ ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကိုသူ၏ ဖြောင့်မတ်ခြင်း ကဲ့သို့မှတ်တော်မူ၏။
၂၃ ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှါသာ ကျမ်းစာ၌ ရေးထားသည် မဟုတ်။
၂၄ ငါတို့အကျိုး အလိုငှါရေးထားသတည်း။ ငါတို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည်ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။
၂၅ ထိုသခင်ယေရှု သည် ငါတို့အပြစ်ကြောင့်အပ်နှံခြင်း ကိုခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:69-75);
၆၈-၇၅ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်း သော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေး နှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာ ပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘ အာဗြဟံအား ကျိန်ဆိုခြင်းဂတိတော်တည်းဟူသော သန့်ရှင်းသော ပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်င်း၊ ငါတို့ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှ၎င်း၊ မုန်းသော သူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:3);
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:13-21);
၁၃ လူအစုအဝေး၌ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊
၁၄ ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အားပေးအပ်သနည်း ဟုမေးတော်မူ၏။
၁၅ ထိုမှတပါး လောဘ လွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိ သော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။
၁၆ တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌မြေကောင်း၍ အသီးအနှံများလှ၏။
၁၇ ထိုသူဌေးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။
၁၈ ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကိုတည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည်။
၁၉ ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။
၂၀ ထိုသို့အကြံ ရှိစဉ်တွင်ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဥ့်ပင်သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း ဟု သူဌေးအားမိန့်တော်မူ၏။
၂၁ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကိုဆည်းဖူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။