Wednesday, 28 October 2015

28-OCTOBER-2015 (READING)

Wed the 28th:        Feast of Simon and Jude, apostles.
Rom 8:26-30; Ps 13:4-6; 2 Thess 2:14; Luke 13:22-30

ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:26-30);

၂၆ ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည် အတိုင်းအဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက် နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
၂၇ စိတ်နှလုံးကိုစစ်တော်မူသော သူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်းသူတို့ ၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီစောင့်မတော်မူ၏။
၂၈ ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။
၂၉ ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွေက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။
၃၀ ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ ၌တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၃ (Ps 13:4-6);

၎ အကျွန်ုပ် ၏ ရန်သူက ငါနိုင်ပြီဟုဆို၍ အကျွန်ုပ်ကို နှောင့်ယှက်သောသူတို့သည် အကျွန်ုပ်လှုပ်ရှားသည်ကို ဝမ်းမြောက်ကြပါ လိမ့်မည်၊၊
၅ အကျွန်ုပ်သည် ဂရုဏာတော်ကို ယုံကြည်ပါ၏၊၊ ကယ်တင်တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်းပါလိမ့်မည်၊
၆ အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);

၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:22-30);

၂၂ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမသြဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏၊
၂၃ လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊
၂၄ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအား ထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြ ဟုငါဆို၏။
၂၅ အိမ်ရှင်သည် တခါထ၍ တံခါးကိုပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အား ဖွင့်ပါဟုတောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။
၂၆ ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသောမြို့ရွာ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူပြီဟု လျှောက်ပြန် သော်လည်း၊
၂၇ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟုငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှဖယ်သွားကြဟု ပြောလိမ့်မည်။
၂၈ ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။
၂၉ ထိုအခါ အရှေ့နောက်တောင် မြောက် အရပ်လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံထဲတွင် လျောင်းရကြလတံ့။
၃၀ နောက်ကျသော သူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျကြလိမ့် မည်ဟု မိန့်တော်မူ၏။