Sunday, 3 September 2017

03-SEP-2017 (READING -ORD22-YA-C1)

Sun the 3rd: Psalter II, Ordinary Time Week 22.
(Memorial of Gregory the Great, pope and doctor.)
Jer 20:7-9; Ps 63:2-9; Rom 12:1-2; Eph 1:17-18; Matt 16:21-27


ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၂၀ (Jer 20:7-9);


၇ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်းပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။
၈ အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင်အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်းအစဉ်ပြက်ပြယ်ခြင်းကို ခံစရာအကြောင်းဖြစ်ပါ၏။
၉ ထိုကြောင့်၊ ငါသည်နှုတ်ကပတ်တော်ကို မကြားမပြော၊ နာမတော်ကို အမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားမည်သော်လည်း၊ ငါ့အရိုးတို့၌ ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်။


ဆာလံကျမ်း အခန်းကြီး(၆၃)
ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊
၁အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊
ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊
၂ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊ ၄ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။
ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊
 နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊  ၅အိပ်ရာပေါ်မှာကိုယ်တော်ကို အောက့်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊
 ၆အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ ၈အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသောသူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်၊၊ ထားဘေးဖြင့်ဆုံး၍ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။ ၉ရှင်ဘုရင်မူကား၊ ဘုရားသခင် ဝမ်းမြောက်လိမ့်မည်၊၊  ၁ဝဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်၊၊ မုသာစကားကို ပြောသောသူတို့၏ နှုတ်မူကား ပိတ်လျက် ရှိလိမ့်မည်၊၊
ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊


ရောမသြဝါဒစာ အခန်းကြီး ၁၂ (Rom 12:1-2);


၁ ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာ နှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။
၂ သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သော အရာဟူတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံး ကို အသင့်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။


အာလေလုယာ
ငါတို့သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသောအဘ ခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှါ ပညာကို၎င်း၊ ထိုးထွင်း သောဥာဏ်ကို၎င်း၊ သင်တို့အားပေးပါမည်အကြောင်း၊ ဆုတောင်းပဌနာပြု၏
အာလေလုယာ

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၆ (Matt 16:21-27);


၂၁ ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သော နေ့၌ ထမြောက် လိမ့်မည် ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။
၂၂ ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍၊ သခင်ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌မရောက်ရာဟု ပြစ်တင်သော စကားကို လျှောက်သော်၊
၂၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟု မိန့်တော်မူသည်။
၂၄ ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါး ကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
၂၅ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။
၂၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
၂၇ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ လူအသီးသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။