Thu the 14th: Feast of The Triumph of the Cross.
Num 21:4-9; Ps 78:1-38; Phil 2:6-11; John 3:13-17
တောလည်ရာကျမ်း အခန်းကြီး ၂၁ (Num 21:4-9);
၎ ဟောရတောင်မှထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
၅ သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သော စားစရာကိုလည်း ငါတို့သည် အလွန် ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
၆ ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလ အမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့် သေကြ၏။
၇ ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ ကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့်ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့လက်မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
၈ ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ် မှာ မြေ‡ာက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရေအား မိန့်တော်မူသည်အတိုင်း၊
၉ မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ်မှာ မြေ‡ာက်ထားပြီးလျှင် မြွေကိုင်သောသူ မည်သည်ကား ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။
ဆာလံကျမ်း အခန်းကြီး ၇၈ (Ps 78:1-38);
၁ ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။
၂ ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဘော်ပြပေအံ့။
၃ ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊
၎ သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော် ကို၎င်း၊ ပြုတော်မူသော အံ့ဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သော သူတို့အားဘော်ပြကြမည်။
၅ အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကို စီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။
၆-၇ သဘော မဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ်အမြဲ မဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကို စောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အ ကြောင်း ပညတ်ထားတော်မူပြီ။
၉ ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
၁၀ ဘုရားသခင်၏ သစ္စာတော်ကိုမစောင့်။ တရားတော်လမ်း၌ သွားခြင်းငှာ အလိုမရှိကြ။
၁၁ အမှုတော်တို့ကို၎င်း၊ ပြတော်မူသော အံ့သြဘွယ်တို့ကို၎င်း မေ့လျော့ကြ၏။
၁၂ အဲဂုတ္တုပြည်၊ ဇောနအရပ်တွင်၊ သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မှု၏။
၁၃ ပင်လယ်ကိုခွဲ၍ သူတို့ကိုလျှောက်သွား စေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မှု၏။
၁၄ နေ့အချိန်၌ကား၊ မိုဃ်းတိမ်ဖြင့်၎င်း၊ ညဥ့်အချိန်၌ကား၊ တညဥ့်လုံးမီးအလင်းဖြင့်၎င်း သူတို့ကိုလမ်းပြ တော်မူ၏။
၁၅ တော၌ကျောက်တို့ကိုဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသောရေကို သူတို့အားတိုက်တော်မူ၏။
၁၆ ကျေက်ထဲကစီးသောရေကို ထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။
၁၇ ထိုသူတို့မူကား၊ အမြင့်ဆုံးသော ဘုရားကို တော၌ ပုန်ကန်သောအားဖြင့် တိုး၍ပြစ်မှားကြ၏။
၁၈ မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံး ထဲမှ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၉ ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။
၂၀ ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်းပေးနိုင်သလော။ မိမိလူတို့အဘို့မဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
၂၁ ထိုစကားကို ထာဝရ ဘုရားသည် ကြား၍အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
၂၂-၂၅ အကြောင်းမူကား၊ အထက်မိုဃ်းတိမ် တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ ကိုဖွင့်၍၊ သူတို့စားစရာဘို့မန္နကိုမိုဃ်းရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းသည် ကြီးမြတ်သောသူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမကိုးစားပဲနေကြ၏။
၂၆ မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသော တောင်လေကို ဆောင်ခဲ့သဖြင့်၊
၂၇ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှပျံတက်သော ငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့် အမျှ၊ မိုဃ်းရွာစေလျက်၊
၂၈ သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။
၂၉ ထိုသို့သူတို့ အလိုရှိသည်အတိုင်း ပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာစားရကြ၏။
၃၀ သူတို့ တပ်မက်သောအစာကို မရောင့်ရဲမှီ စားကြစဉ်တွင်၊
၃၁ ဘုရားသခင်၏ အမျက်တော်သည် သက်ရောက်သဖြင့်၊ ကျန်းမာသောသူတို့ကို ကွက်မျက်၍ ဣသရေလလူပျိုတို့ကို လှဲချတော်မူ၏။
၃၂ ထိုအမှု အလုံးစုံတို့နှင့် ဣသရေလ လူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ၊ ပြစ်မှားလျက်နေကြသေး၏။
၃၃ ထို့ကြောင့် သူတို့နေ့ရက်ကာလကို အချည်းနှီးလွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှပ်တော်မူ၏။
၃၄ သူတို့ကို ကွပ်မျက်တ်ာမူသောအခါ ကိုယ်တော်ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကိုလိုက်ရှာကြ၏။
၃၅ ဘုရားသခင် သည် သူတို့၏ ကျောက်၊ အမြင့်ဆုံးသော ဘုရားသည် သူတို့ကိုကယ်တင်သော အရှင်ဖြစ်တော်မူသည်ကို ထိုအခါ သတိရကြ၏။
၃၆ သို့သော်လည်း ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့၍၊ လျှာဖြင့်လည်း မုသားစကားကို လျှောက်ဆိုကြ၏။
၃၇ သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။
၃၈ ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးပဲအပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:6-11);
၆ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊
၇ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊
၁၁ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:13-17);
၁၃ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါး အဘယ်သူမျှ ကောင်းကင်ဘုံ သို့မတက်ပြီ။
၁၄ မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထား ခြင်းကို ခံရမည်။
၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။