Wednesday, 27 September 2017

27-SEP-2017 (READING -ORD25-YA-C1)

Wed the 27th:    Memorial of Vincent de Paul, priest.
Ezra 9:5-9; Tob 13:2-10; Mark 1:15; Luke 9:1-6

ဧဇရမှတ်စာ အခန်းကြီး (Ezra 9:5-9);

ညဦးယံယဇ်ပူဇော်ချိန်တွင် စိတ်ပျက်ရာမှထ၍ အတွင်းအဝတ်၊ အပြင်အဝတ်ကို ဆုတ်ပြီးလျှင်၊ ဒူးထောက်၍၊ ငါ၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ လက်ဝါးတို့ကိုဖြန့်လျက်၊
အိုအကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့ မမြော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်တို့ပြုမိသာ ဒုစရိုက်တို့သည် အကျွန်ုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသောအပြစ်သည် မိုဃ်းကောင်းကင်သို့ မှီပါ၏။
ဘိုးဘေး လက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင်ခံသကဲ့သို့၊ တပါးအမျိုးသား ရှင်ဘုရင်လက်သို့အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာပျက်ခြင်းကို ခံရပါ၏။
ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရ ဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန်ကြွင်းစေလျက်၊ သန့်ရှင်းသောဌာနတော်၌ စွဲထားသောတံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့မျက်စိကိုလင်းစေ၍ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရသောအခွင့်ကို ပေးတော်မူပြီ။
အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက်နေရသော်လည်း၊ အကျွန်ုပ်တို့၏ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့အသက်လွတ် ခြင်းငှါင်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏အိမ်တော်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်းခြင်းငှါင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်းငှါင်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူး ပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။

တိုဘိဝတ္ထု အခန်းကြီး (၁၃) (ွှသဘ ၁၃ါ်၂-၁၀)း

၂။ ထိုအခါ တိုဘိသည်ဝမ်းမြောက်ဝမ်းသာစွာဖြင့်ဤသို့ ဆုတောင်းလေ၏။ အစဉ်ထာဝရ အသက်ရှင်တော်မူ မူသော ဘုရားသခင်နှင့် ကာလအဆက်ဆက်တည်ရှိ တော်မူသော ကိုယ်တော်၏ နိုင်ငံတော်အား  ချီးမွမ်း
၃။ ထောပနာ ရှိပါစေသော။အကြောင်းမူကားကိုယ်တော် သည်ဒဏ်ပေးတော်မူ၍ ကရုဏာသနားခြင်းလည်း ရှိ တော်မူ၏။ ကိုယ်တော်သည် လူတို့ကို ကမ္ဘာမြေ၏ အနိမ့်ဆုံးငရဲသို့ပို့ဆောင်တော်မူ၏။ထို့နောက်ကြီးစွာသောပျက်စီးခြင်းမှလည်းပြန်လည်ကယ်ဆယ်တော်မူ
၎။ ၏။ အိုအစ္စရေးလ်အမျိုးသားတို့ဘုရားသခင်ကိုလူမျိုး တကာတို့ရှေ့မှာ ကျေးဇူးတင်ကြလော့။ အကြောင်းမူ ကား ကိုယ်တော်သည် သင်တို့ကို လူမျိုးတကာတို့ အလယ်တွင် ပျံနှံ့ကွဲလွင့်စေတော်မူသော်လည်း။
၅။ ထိုအရပ်၌ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို သင် တို့အား ပြတော်မူပြီ။ အသက်ရှင်သောသူအားလုံးတို့ ရှေ့မှာကိုယ်တော့်ကိုချီးမြှောက်ကြလော။အကြောင်းမူ ကားကိုယ်တော်သည်ငါတို့၏အရှင်သခင်နှင့်ငါတို့၏အဘဖြစ်တော်မူ၏။ကာလအဆက်ဆက်တည်ရှိတော်မူသော ငါတို့ဘုရားဖြစ်တော်မူ၏။
၆။ သင်တို့၏ အပြစ်မကောင်းမှုများအတွက် ကိုယ်တော် သည် သင်တို့ကို အပြစ်ဒဏ် ခတ်တော်မူသော်လည်း သင်တို့အားလုံးပေါ်မှာ တစ်ဖန် သနားကရုဏာတော် ကိုပြတော်မူသည်။ သင်တို့ ကွဲလွင့်ပျံ့နှံ့နေထိုင်ကြရ သော တိုင်းနိုင်ငံ အသီးသီးတို့မှ သင်တို့ကိုပြန်လည်
၇။ စုစည်း ခေါ်ယူတော်မူလိမ့်မည်။ သင်တို့သည် စိတ် နှလုံးထဲ၌ နောင်တရကြ၍ ကိုယ်တော့်ထံသို့ ပြန်လာ ကြပြီး၊ ဖြောင့်မတ်ရာကိုလိုက်နာဆောင်ရွက်ကြသော အခါကိုယ်တော်သည် သင်တို့ဘက်သို့လှည့်တော်မူ၍ မိမိမျက်နှာတော်ကိုသင်တို့ထံမှဖုံးကွယ်ထားလိမ့်မည်
၈။ မဟုတ်၊သင်တို့အတွက်ကိုယ်တော်ယခြုပတော်မူသမျှ တို့ကိုကြည့်ရှုကြလော့။ဖြောင့်မတ်တော်မူသောသခင် ကို ချီးမွမ်းထောပနြာုပကြလော့။ကာလအဆက်ဆက် အသက်ရှင်တော်မူသောဘုရင်ကိုချီးမြှောက်ကြလော့။
၉။ ပြည်နှင်ဒဏ်ခံရသောအရပ်၌ ငါသည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းလျက်အပြစ်လွှမ်းသောလူမျိုးအားကိုယ်တော်၏ခွန်အားတန်ခိုးတော်နှင့်ကြီးမြတ်တော်မူခြင်းကိုထုတ်ဖော်ပြပါ၏။အပြစ်သားတို့နောင်တရကြလော့။ကိုယ်တော်၏မျက်မှောက်တော်၌မှန်ကန်ရာကို ဆောင်ရွက်ကြလော့။ ကိုယ်တော်သည် သင်တို့ကို လက်ခံကောင်း လက်ခံတော်မူ၍သနားကရုဏာတော် ကိုပြတော်မူလိမ့်မည်။   
၁၀။ ငါမူကား ငါ၏ ဘုရားသခင်ကိုချီးမြှောက်မည်။ငါ၏ ဝိညာဉ်သည် ကောင်းကင်ရှင်၌ ရွှင်လန်း ဝမ်းမြောက် ပါမည်။

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 1:15);

၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 9:1-6);

တကျိတ်နှစ်ပါးသောတပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ နတ်ဆိုးအပေါင်းတို့ကို နိုင်သော တန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ၏။
ဘုရားသခင်၏နိုင်ငံတော် အကြောင်းကို ဟောပြောစေခြင်းငှါ၎င်း၊ လူနာတို့ကိုချမ်းသာစေခြင်းငှါ၎င်း စေလွှတ်တော်မူ၍၊
သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေ ကြနှင့်။
မည်သည့်အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှမထွက် သွားမည်တိုင်အောင်နေကြလော့။ အကြင်သူ တို့သည် သင်တို့အား ဧည့်သည်ဝတ်ကိုမပြုဘဲနေ၏၊
ထိုသူတို့နေရာမြို့မှထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။
တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကိုဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီလှည့်လည်ကြ၏။