Sun the 17th: Psalter IV, Ordinary Time Week 24.
(Optional memorial of Robert Bellarmine, bishop and doctor.)
Sir 27:30-28:7; Ps 103:1-12; Rom 14:7-9; John 13:34; Matt 18:21-35
ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး Sir 27:30-28:7း
၃၀။အမျက်ဒေါသနှင့် နာကျည်းမှုတို့သည် ရွံ့ရှာ မုန်းတီး ဖွယ်ရာများဖြစ်၏။ သို့သော်အပြစ်သားသည်ထိုအရာ တို့၌ ထူးချွန်၏။
၁။လက်စား ချေတတ်သော သူသည် သခင်ဘုရား၏ အမျက်တော်သင့်ခြင်းကို ခံရလိမ့်မည်။
အကြောင်းမူ ကား ကိုယ်တော်သည်သူတို့၏အပြစ်များကိုရည်မှတ် တော်မူ၏။
၂။သင်နှင့်နီးစပ်သောသူ၏ထိခိုက်ပြစ်မှားမှုကိုသင်အခွင့်လွှတ်လျှင်သင်ဆုတောင်းသောအခါတွင်သင်၏အပြစ်များသည်လည်းအခွင့်လွှတ်ခြင်းခံရလိမ့် မည်။
၃။အကယ်၍ လူတစ်ဦးသည် အခြားသူတစ်ဦးအ ပေါ်ရန် ငြိုးထားပါလျှင်သူသည်သခင်ဘုရားထံမှ စာ နာထောက်ထားတော်မူခြင်းကိုမည်သို့မျှော်လင့်နိုင်ပါ မည်နည်း။
၎။သူသည် မိမိကဲ့သို့ လူသားအချင်းချင်းကို ခွင့်လွှတ်ရန် ငြင်းဆန်ပါလျှင် မိမိ အပြစ်များ အခွင့်
၅။ချမ်းသာရရန်မည်သို့တောင်းဝံ့ပါသနည်း။ သွေးသား မျှသာ ဖြစ်သော ဤသူသည်အမျက်ဒေါသကိုမွေးမြူ ထားပါလျှင် သူ၏အပြစ်များကိုမည်သူအခွင့်လွှတ်ပါ မည်နည်း။
၆။သင့်ဘဝ၏ နောက်ဆုံးနေ့များကိုသတိရ လော့၊ မုန်းတီးခြင်းကိုဖယ်ရှားလော့။ သေခြင်းတရား နှင့် ပုပ်သိုးဆွေးမြေ့ခြင်းကိုသတြိုပလော့။
၇။အပြစ်မကောင်ြးုပခြင်းမှ ရပ်စဲလော့။ပညတ်တော်များ ကိုအောက်မေ့ဆင်ခြင်လော့။သင်နှင့်နီးစပ်သောသူကို မမုန်းနှင့်၊ အမြင့်ဆုံးသော အရှင်သခင်၏ ပဋိညာဉ် တော်ကိုသတိရလော့။
ဆာလံကျမ်း အခန်းကြီး ၁၀၃(Ps 103:1-12);
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။
၂ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။
၃ သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။
၎ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။
၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊
၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့ အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏၊၊
ရောမသြဝါဒစာ အခန်းကြီး ၁၄ (Rom 14:7-9);
၇ ငါတို့တွင် အဘယ် သူမျှ ကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဘို့အလိုငှါ မသေ။
၈ အသက်ရှင်လျှင်၊ သခင်ဘုရား အဘို့အလိုငှါ ရှင်၏။ သေလျှင်လည်း သခင်ဘုရားအဘို့အလိုငှါ သေ၏။ ထိုကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။
၉ အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသောသူတို့ကို၎င်း၊ ရှင်သော သူတို့ကို၎င်း၊ အစိုးရသောအရှင်ဖြစ်စေလိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);
၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:21-35);
၂၁ ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ် ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။
၂၂ အကြိမ်ခုနစ်ဆယ်ခုနစ်လီ မြောက်အောင်လွှတ်ရမည် ငါဆို၏။
၂၃ ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှါ အလိုရှိသောမင်းကြီးတဦး နှင့်တူ၏။
၂၄ စာရင်းယူစဉ်တွင်၊ ငွေအခွက် တသိန်းကြွေးတင်သော သူတယောက်ကိုရှေ့တော်သို့ ဆောင်ခဲ့ကြ၏။
၂၅ ထိုသူသည် ကြွေးဆပ်ရန် မရှိသောကြောင့်၊ ကိုယ်မှစ၍သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။
၂၆ ထိုကျွန်သည် ညွတ်ပြပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည် ဟု လျှောက်လျှင်၊
၂၇ သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
၂၈ ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတရာ ကြွေးတင်သော ကျွန်ချင်းတယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။
၂၉ ထိုကျွန်ချင်းသည် ကြွေးရှင်၏ ခြေရင်း၌ ပြပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊
၃၀ ငွေရှင်သည် နားမထောင်ဘဲ သွား၍ ကြွေးကိုမဆပ်မှီတိုင်အောင်သူ့ကိုထောင်ထဲမှာ လှောင်ထား၏။
၃၁ အခြားသော ကျွန်ချင်း တို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။
၃၂ ထိုအခါသခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ်ဆိုးညစ်သောကျွန်၊သင်သည်ငါ့ကိုတောင်းပန်သောကြောင့်သင်၌တင် သမျှသော ကြွေးကိုငါ ရှင်းလင်း စေ၏။
၃၃ ငါသည်သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ် သလောဟုဆိုလျက်၊
၃၄ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီ တိုင်အောင်အာဏာသားတို့လက်ကို အပ်လေ၏။
၃၅ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ အဘသည် ထိုနည်းတူသင်တို့ကို စီရင်တော်မူလတံ့ဟုမိန့်တော်မူ၏။