Tuesday, 26 September 2017

26-SEP-2017 (READING -ORD25-YA-C1)

Tue the 26th:    Optional memorial of Cosmas and Damian, martyrs.
Ezra 6:7-20; Ps 122:1-5; Luke 11:28; Luke 8:19-21

ဧဇရမှတ်စာ အခန်းကြီး (Ezra 6:7-20);

ထိုဘုရား၏အိမ်တော် တည်ခြင်းအမှုကို မဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုးအသက်ကြီး သူတို့သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊
ထိုမှတပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော်တည်ခြင်း အမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီရမည် အကြောင်း၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ၊ မြစ်အနောက် ဘက်၌ခံသော အခွန်တော်တည်းဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက်ချင်းထုတ်ပေးရမည် အကြောင်း ငါအမိန့်တော်ရှိ၏။
၁၁ င်းနည်းအကြင် သူသည် ငြင်းဆန်လျှင်၊ ထိုသူ၏ အိမ်မှသစ်တိုင်ကိုနှုတ်ယူ၍ စိုက်ပြီးမှ သူ့ကိုလည်းဆွဲချစေ။ သူ့အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါ့အမိန့်တော်ရှိ၏။
၁၂ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှါ ပြုသော ရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့သည် ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော် မူပါစေသော။ ငါဒါရိသည်အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင်အမြန်ပြုစေဟု ပေးလိုက်သတည်း။
၁၃ ထိုအခါဒါရိမင်းကြီးပေးလိုက်ပေးလိုက်သောအမိန့်တော်အတိုင်း၊ မြစ်အနောက်ဘက်မြို့တော် တာတနဲ၊ ရှေသာဗောဇနဲနှင့် သူတို့အပေါင်းအဘော်တို့သည် အလျင်အမြန်ပြုကြ၏။
၁၄ ယုဒအမျိုးအသက်ကြီး သူတို့သည် တည်ဆောက်၍၊ ပရောဖက်ဟဂ္ဂေနှင့် ဣဒေါသားဇာခရိဟောသောအားဖြင့်၊ အကြံထမြောက် ကြ၏။ ဣသရေလအမျိုး ၏အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်းအမိန့်တော်အတိုင်း၊ တည်ဆောက်၍၊ လက်စသတ်ကြ၏။
၁၅ ဒါရိမင်းကြီးနန်းစံခြောက်နှစ်၊ အာဒါလသုံးရက်နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။
၁၆ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကိုခံဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော်ကိုဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏။
၁၇ ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကိုင်း၊ ဣသရေလအမျိုးတဆယ် နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ်ဖြေရာယဇ်တည်းဟူသော ဆိတ်ထီးတဆယ်နှစ်ကောင်ကိုင်း၊ ယဇ်ပူဇော်ကြ၏။
၁၈ မောရှေကျမ်းစာ၌ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကိုပြုစေခြင်းငှါ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကိုင်း၊ သင်းဖွဲ့သောလေဝိသားတို့ကိုင်း ခန့်ထားကြ၏။
၁၉ သိမ်းသွားခြင်းကိုခံရသောအမျိုးသားတို့ သည် ပဌမလတဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်းခံကြ၏။
၂၀ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီတညွတ်တည်း ကိုယ်ကိုသန့်ရှင်း စေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဘို့မှစ၍ ပေါက်ဘော်ချင်း ယဇ်ပုရောဟိတ်တို့အဘို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားပေါင်းတို့အဘို့၊ ပသခါသိုးသငယ်ကိုသတ်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၂ (Ps 122:1-5);

ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊၊
အိုယေရုရှလင်မြို့ သင်၏တံခါးတို့အတွင်း၌ ငါတို့သည် ရပ်၍ နေကြလိမ့်မည်၊၊
ယေရုရှလင် မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏၊၊
အမျိုးအနွယ်တို့သည် ထိုမြို့သို့ တက်ကြ၏၊၊ ဣသရေလအမျိုး ထုံးစံရှိ သည်အတိုင်း ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းခြင်းငှာတက်သွားကြ၏။
ထိုမြို့၌တရား စီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည် တည်ကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:28);

၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 8:19-21);

၁၉ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော် ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ၏။
၂၀ လူအချို့ကလည်း၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ် နေကြပါသည်ဟု လျှောက်လျှင်၊
၂၁ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်ကိုကြား၍ နားထောင် သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။