Saturday, 9 September 2017

09-SEP-2017 (READING -ORD22-YA-C1)

Sat the 9th:    Optional memorial of Peter Claver, priest.
Col 1:21-23; Ps 54:3-8; John 14:6; Luke 6:1-5

ကောလောသဲသြဝါဒစာ အခန်းကြီး (Col 1:21-23);

၂၁ အထက်က ဘုရားသခင်နှင့် ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓွာတော်၌  အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။
၂၂-၂၃ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင် ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။

ဆာလံကျမ်း အခန်းကြီး ၅၄ (Ps 54:3-7);

အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ ထကြပါပြီ၊၊ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏၊၊ ဘုရားသခင်၏ မျက်နှာတော်ကို မထောက်ကြပါ၊၊
ကြည့်ရှုလော့၊၊ ဘုရားသခင်သည် ငါ့ကို ကူမတော်မူ၏၊၊ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင့် ထာဝရ ဘုရား ရှိတော်မူ၏၊၊
ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်၊၊ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ၊၊
အကျွန်ုပ်သည်လည်း စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရ ဘုရား နာမတော်ကို ချီးမွမ်းပါမည်၊၊ အကြောင်းမူကား ကောင်းမြတ်တော်မူ၏၊၊
အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခ ထဲက ကယ်နှုတ်တော်မူသဖြင့် အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့် မြင်၍ အားရပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 6:1-5);

ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်လျက် စားကြ၏။
ဖာရိရှဲအချို့တို့က ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သင်တို့သည်အဘယ်ကြောင့်ပြုကြသနည်းဟု ဆိုကြသော်၊
ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော် တို့နှင့်တကွ မွတ်သိပ်သောအခါ၊
ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရော ဟိတ်တို့မှတပါး အဘယ်သူမျှမစား အပ်သော ရှေ့တော်မုန့်ကိုယူစား၍၊ မိမိအဘော်တို့အား ပေးသည် အကြောင်းကိုမျှ သင်တို့သည် မဘတ်ဘူးသလော။

ထိုမှတပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။