Wednesday, 13 September 2017

13-SEP-2017 (READING -ORD23-YA-C1)

Wed the 13th:    Memorial of John Chrysostom, bishop and doctor.
Col 3:1-11; Ps 145:1-13; Luke 6:23; Luke 6:20-26

ကောလောသဲသြဝါဒစာ အခန်းကြီး (Col 3:1-11);

အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည်ခရစ်တော်နှင့် အတူထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။
မြေကြီး ပေါ်မှာရှိသောအရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်း ခြင်းရှိကြလော့။
အကြောင်းမူကား၊ သင်တို့သည်သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက် ထားလျက်ရှိ၏။
ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင် နှင့် အတူဘုန်းကြီး၍ ထင်ရှားကြလတ္တံ။
ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။
ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်သောသူတို့ အပေါ်၌ သင့်ရောက်ပေ၏။
ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဘော်သော အခါ၊ ထိုအမှုများ၌ ကျင်လည်ကြ၏။
ယခုမူကား၊ ထိုအမှုအလုံးစုံတို့ကိုင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက် အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်း တို့ကိုင်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။
အချင်းချင်းမုသာ စကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍၊
၁၀ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ် ဆောင်သောသူ ဖြစ်ကြ၏။
၁၁ ထိုဖန်ဆင်းပြုပြင် တော်မူရာ၌ ဟေသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာ ခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည်အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:1-13);

အကျွန်ုပ်၏ရှင်ဘုရင် အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်ကို မြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊
ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်၊၊ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်၊၊
ထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော် မူခြင်းကိုစစ်၍မကုန်နိုင်၊၊
အမှုတော်တို့ကို လူမျိုးအဆက်ဆက် တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါ လိမ့်မည်၊၊
အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော် တို့ကို၎င်း မြွက်ဆိုပါ ၏၊၊
သူတို့သည်ကြောက်မက်ဘွယ်သော အမှုတို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူ ခြင်း အကြောင်းကို ကြားပြောပါမည်၊၊
သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်း အရာကိုရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို  ထောက်မတော်မူ၏၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 6:23);

၂၃ ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 6:20-26);

၂၀ ထိုအခါ ကိုယ်တော်သည် မြော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသော သင်တို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
၂၁ ယခုတွင် ငတ်မွတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကာ သင်တို့သည် ရယ်ကြလတံ့။ သူတပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊
၂၂ ပယ်ရှားနှင်ထုတ်၍ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကိုပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
၂၃ ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။
၂၄ တနည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ၏။
၂၅ ၀စွာစားရသောသင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့၊ ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့ သည် ညည်းတွားငိုကြွေးရကြလတံ့။
၂၆ လူတို့သည် သင်တို့ကိုချီးမွမ်းသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။