Monday, 25 September 2017

25-SEP-2017 (READING -ORD25-YA-C1)

Mon the 25th: Ezra 1:1-6; Ps 126:1-6; Matt 5:16; Luke 8:16-18

ဧဇရမှတ်စာ အခန်းကြီး (Ezra 1:1-6);

ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကိုပြည့်စုံစေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံပဌမနှစ်တွင်၊ ထာဝရဘုရားနှိုးဆော်တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ် တို့၌ ကြော်ငြာစေ၍၊
ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ထာဝရ ဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကိုငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။
သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့် အတူဘုရားသခင်ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့သွား၍ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
ဘုရားသခင်၏ လူတည်းခိုရာ အရပ်ရပ်၌နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသောအလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုးသူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင်နှိုးဆော်တော်မူသော သူအပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ရှိတော်မူသော  ထာဝရဘုရား အိမ်တော်ကို တည်ဆောက်ခြင်းငှါထကြ၏။
အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသောအလှူမှတပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၆ (Ps 126:1-6);

ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတ်ာမူသောအခါ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ်ကြ၏။
ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့လျှာသည် သီဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီဟုဆိုကြ၏။
ထာဝရ ဘုရားသည် ငါတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်ရှိနေကြ၏။
အိုထာဝ ဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေ တော်မူပါ။
မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
မျက်ရည်ကျ လျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ် နှင့် အမှန်ပြန်လာလိမ့်မည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 5:16);

၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 8:16-18);

၁၆ ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်းထားလေ့မရှိ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။
၁၇ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာပွင့်လင်းလိမ့်မည်။
၁၈ ထိုကြောင့် သင်တို့သည် အဘယ်သို့ကြား နာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။