Tuesday, 5 September 2017

05-SEP-2017 (READING -ORD22-YA-C1)

Tue the 5th: 1 Thess 5:1-11; Ps 27:1-14; Luke 7:16; Luke 4:31-37

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး (1 Thess 5:1-11);

ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။
အဘယ် ကြောင့်နည်း ဟူမူကား၊ သူခိုးသည် ညဥ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့ သည် သေချာစွာသိကြ၏။
ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။
သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌နေကြသည်မဟုတ်။
သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သား ဖြစ်ကြ၏။ ညဥ့်၏သား၊ မှောင်မိုက်၏သားမဟုတ်။
သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။
အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညဥ့်အခါ အိပ် ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညဥ့်အခါယစ်မူးတတ်ကြ၏။
နေ့၏သား ဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။
၁၀ ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည် ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။
၁၁ ထိုကြောင့်၊ သင်တို့သည် ယခုပင်ပြုသည်နည်းတူ အချင်းချင်းတိုက်တွန်း၍ တယောက်ကို တယောက် တည်ဆောက်ကြလော့။

ဆာလံကျမ်း အခန်းကြီး ၂၇ (Ps 27:1-14);

ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊
ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊
ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊
ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊
အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။
ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
၁၁ အိုထာဝရဘုရား ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊ ၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 7:16);

၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၄  (Luke 4:31-37);

၃၁ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမသြဝါဒပေးတော်မူ၏။
၃၂ အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကို အလွန်အံ့သြကြ၏။
၃၃ ထိုတရားစရပ်၌ ညစ်ညူးသောနတ်ဆိုးစွဲသော သူတယောက်ရှိ၍၊
၃၄ သြော်နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်  အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ကြီးသော အသံနှင့် ဟစ်ကြော်လေ၏။
၃၅ ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူများအလယ်၌ လဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
၃၆ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့်မှာထား၍ သူတို့သည် ထွက်သွားကြ သည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။

၃၇ သိတင်းတော်သည်လည်း ပတ်ဝန်းကျင် အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။