Friday, 15 September 2017

15-SEP-2017 (READING -ORD23-YA-C1)

Fri the 15th:    Memorial of Our Lady of Sorrows.
1 Tim 1:1-14; Ps 16:1-11; John 17:17; Luke 6:39-42

တိမောသေသြဝါဒပဌမစောင် အခန်းကြီး (1 Tim 1:1-14);

ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မြော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သောငါ ပေါလုသည်၊
ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိမောသေကိုကြားလိုက်ပါ၏။ ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်း ဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
-  ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍၎င်း၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်း ကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊ ဧဖက်မြို့၌ နေရစ်စေခြင်းငှါ၊ ငါသည်မာကေဒေါနိပြည် သို့သွားသောအခါ၊ တောင်းပန်သည်အတိုင်းနေရစ်လော့။
ထိုသို့ပညတ်ထားခြင်း၏ အချုပ်အခြာမူကား၊ စင်ကြယ်သောစိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သောယုံကြည်ခြင်းနှင့်၎င်း၊ စပ်ဆိုင်သောချစ်ခြင်းမေတ္တာဖြစ်သတည်း။
ထိုသို့သော အကျင့်ကို လူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသော စကားပြောခြင်းသို့လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။
အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကိုမသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြသည်တကား။
-၁၀ ပညတ်တရားကို တရားသဖြင့် ကျင့်သောသူအဘို့မထား၊၊ မတရားသဖြင့်ကျင့်သောသူ၊ နားမထောင်သောသူ၊ ဘုရားကိုမကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကား ကိုသုံးသောသူ၊ မဟုတ်မမှန်ဘဲကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောသြဝါဒနှင့် ဆန်ကျင်ဘက်ဖြစ်သမျှ တို့အဘို့ ပညတ်တရားကို ထားသည်ဟုသိမှတ်၍၊ ထိုတရားကို တရားသဖြင့် သုံးသောသူ၌ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့သိကြ၏။
၁၁ ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသောဘုရားသခင်၏ ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း။
၁၂  ထိုတရားကိုငါ၌ အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။
၁၃ ငါသည်ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သော သူဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည်မှတ်၍၊ ဓမ္မဆရာအရာ၌ခန့်ထားတော်မူ၏။ ထိုသို့ ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံရပြီ။
၁၄ ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွအတိုင်းထက်အလွန် ကြွယ်ဝပြီ။

ဆာလံကျမ်း အခန်းကြီး ၁၆ (Ps 16:1-11);

အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊
ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊
ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊
အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊
ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊
ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊
ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊
၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်
၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇ (John 17:17);

၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 6:39-42);

၃၉ ဥပမာကား၊ လူကန်းသည် လူကန်းအားလမ်းကိုပြနိုင်သလော။ လူနှစ်ဦးတို့သည်တွင်းထဲသို့ ကျလိမ့် မည်မဟုတ်လော။
၄၀ တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်း၊ မိမိဆရာကဲ့ သို့ဖြစ်လိမ့်မည်။
၄၁ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။
၄၂ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအား ဆိုရသနည်း။ လျှို့ဝှက် သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုရှေ့ဦးစွာထုတ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ခြင်းငှါ ရှင်းလင်းစွာမြင် လိမ့်မည်။