Sat the 16th: Memorial of Cornelius, pope and martyr; Cyprian, bishop and martyr.
1 Tim 1:15-17; Ps 113:1-7; John 14:23; Luke 6:43-49
တိမောသေသြဝါဒပဌမစောင် အခန်းကြီး ၁ (1 Tim 1:15-17);
၁၅ ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင် ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကား လည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည်အကြီးဆုံးဖြစ်၏။
၁၆ သို့သော်လည်း၊ ထာဝရ အသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာ ပုံသက်သေဖြစ်စေခြင်းငှါ၊ အကြီးဆုံးသောအပြစ်ရှိသောငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကိုပြတော် မူမည် အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။
၁၇ လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာ အဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော် ရှိတော်မူစေသတည်း။ အာမင်။
ဆာလံကျမ်း အခန်းကြီး ၁၁၃ (Ps 113:1-7);
၁ ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော၊၊ ချီးမွမ်းကြလော့၊၊
၂ ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း၊၊
၃ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏၊၊
၎ ထာဝရဘုရားသည် လူမျိုးတကာ တို့အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏၊၊
၅ ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း
၆ ကိုယ်ကို နိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း၊၊
၇ ဆင်းရဲသော သူကို မြေမှုန့် ထဲက ကြွလျက် ငတ်မွတ်သော သူကို နောက်ချေးပုံထဲက မြှောက်လျက်
၈ မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏၊၊
၉ မြုံသော မိန်းမသည် အိမ်၌နေ၍ ဝမ်းမြောက်သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏၊၊ ဟာလေလုယ၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:43-49);
၄၃ မကောင်းသောအသီးကိုသီးသောအပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသောအပင်ကား၊ မကောင်းသောအပင်မဟုတ်။
၄၄ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။
၄၅ ကောင်းသောသူသည် ကောင်းသော မိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဘော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။
၄၆ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ် ကြသနည်း။
၄၇ ငါ့ထံသို့ လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်း ဟူမူကား၊
၄၈ တိုက်ကို တည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကို ရိုက်ခတ်သောအခါ ကျောက်ပေါ်မှာတည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။
၄၉ ငါ့စကားကိုကြား၍ နားမထောင် သောသူမူကား၊ အခုအခံမရှိဘဲမြေပေါ်မှာ တိုက်ကိုတည် သောသူနှင့်တူ၏။ ရေစီး၌ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ၏။