Friday, 22 September 2017

22-SEP-2017 (READING -ORD24-YA-C1)

Fri the 22nd: 1 Tim 6:2-12; Ps 49:6-20; Matt 11:25; Luke 8:1-3
တိမောသေသြဝါဒပဌမစောင် အခန်းကြီး (1 Tim 6:2-12);

သခင်သည် ယုံကြည်သောသူဖြစ်လျင်၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့် မခန့်မညားမပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ။ ချစ်အပ်သောသူဖြစ်သောကြောင့် သာ၍အစေခံစေ။ ဤသို့ဆုံးမသြဝါဒပေး၍ တိုက်တွန်း သွေးဆောင်လော့။
ခြားနားသောသြဝါဒကို သင်ပေး၍၊ ငါတို့သခင်ယေရှုခရစ်၏ စကားတည်းဟူသော စင်ကြယ်သောစကား ကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီဖြစ်သော သြဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊
မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေးနွှေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသောကြံစည်ခြင်း၊
စိတ်နှလုံးယိုယွင်း၍ သမ္မာတရားဖြင့် ကင်းသောသူတို့၏ အချည်းအနှီးဆွေးနွှေးခြင်းဖြစ်တတ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည်စိတ်ထင်ကြ၏။ ထိုသို့သောသူတို့သည် ရှောင်လော့။
ရောင့်ရဲသောစိတ် ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။
အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။
သို့ဖြစ်၍ စားရန်၊ ဝတ်ရန် ရှိသမျှနှင့် ရောင့်ရဲလျှက်နေကြကုန်အံ့။
ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။
၁၀ အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သော ကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင် ထိုးကြပြီ။
၁၁ သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။
၁၂ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက် ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကို ခံရ၍၊  သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာ ဝန်ခံပြီ။

ဆာလံကျမ်း အခန်းကြီး ၄၉ (Ps 49:6-20);

ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍ ကိုယ်စည်းစိမ်များ သောကြောင့် ဝါကြွားသော်လည်း
မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်၊၊ ရွေးရန် အဘိုးကို ဘုရားသခင်၌ မပေးနိုင်၊၊
သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဘိုးကြီးလှပေ၏၊၊ သို့ဖြစ်၍ အစဉ်ရှုံးလျက် နေရမည်၊၊
ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏၊၊ ပုပ်စပ်ခြင်းသို့ မရောက်ရာ၊၊
၁၀ ထင်ရှားသော အရာဟူမူကား ပညာရှိသောသူတို့သည် သေတတ်ကြ၏၊၊ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မိမိတို့ ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏၊၊
၁၁ မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်၊၊ မိမိတို့နေရာလည်း လူမျိုးအစဉ်အဆက် တည်လိမ့်မည်၊၊ မိမိတို့ နာမသည် မြေပေါ်မှာ ကျောစောလိမ့်မည်ဟု သူတို့စိတ်ထင်ရှိကြ၏၊၊
၁၂ သို့ရာတွင် လူသည် ဂုဏ်အသရေ၌ မတည်မနေတတ်၊၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏၊၊
၁၃ ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ ကိုးစားဖြစ်၍ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက်တတ်ကြ၏၊၊
၁၄ ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ ချထား၍ သေမင်းစားလိမ့်မည်၊၊ ကာလမကြာမြင့်မှီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓြွာသည် ဖောက်ပြန်ဘို့ရာဖြစ်၏၊၊ မရဏာနိုင်ငံသည် သူတို့၏ နေရာဖြစ်၏၊၊
၁၅ ငါ့ကိုမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့် ငါ၏ ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်၊၊
၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍ အိမ်၏ ဂုဏ်အသရေတိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်၊၊
၁၇ ထိုသူသည် သေသောအခါ အဘယ်ဥစ္စာမျှမပါရ၊၊ သူ၏ ဂုဏ်အရေသည် သူနောက်သို့ မဆင်းသက်ရ၊၊
၁၈ ထိုသူသည် အသက်ရှင် စဉ်အခါ မိမိဝိညာဉ်ကို ကောင်းကြီးပေးတတ်၏၊၊ မိမိအကျိုးကို ပြုစုသောအခါ သူတပါးတို့သည် ချီးမွမ်းတတ်ကြ၏။
၁၉ သို့သော်လည်း သူသည် သူ၏ ဘိုးဘေးအမျိုးရှိရာ သွားရလိမ့်မည်၊၊ ကာလအစဉ်အဆက် သူတို့သည် အလင်းကို မမြင်ရကြ၊၊
၂၀ ဂုဏ်အသေရေနှင့် ပြည့်စုံလျက် ပညာသတိ မရှိသောသူသည်ကား ပျက်စီးခြင်း သို့ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);

၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး  (Luke 8:1-3);

ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏၊
တကျိပ်နှစ်ပါးသောတပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏၊ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့်ကင်းလွတ်စေတော်မူသော မိန်းမအချို့သည် လည်းလိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက်ထွက်သော မာဂဒလဟုခေါ်ဝေါ်သော မာရိ၊
ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား၊ ယေဟန္န နှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကို လှူ၍ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများပါကြ၏။