Wed the 2nd: Memorial of Basil the Great and Gregory Nazianzen, bishops and doctors.
1 John 2:22-28; Ps 98:1-4; John 1:19-28
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 John 2:22-28);
၂၂ မုသာကို သုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သော သူဖြစ်သတည်း။ ခမည်းတော် နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။
၂၃ သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။
၂၄ ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသောဒေသနာကို သင်တို့တည် စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌၎င်း၊ ခမည်းတော်၌၎င်း၊ တည်ရကြလိမ့်မည်။
၂၅ ငါတို့အား ပေးတော်မူသော ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော် ပေတည်း။
၂၆ သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။
၂၇ သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမသြဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက်ကျေးဇူး တော်သည် ဖြစ်ယောင်ဆောင် သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။
၂၈ ချစ်သားတို့၊ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ရောက်လျှင် ရဲရင့်သောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။
၂၉ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူဖြစ်သည်ကိုသိရကြ၏။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-4);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁ (John 1:19-28);
၁၉ ယုဒလူတို့က၊ သင်သည် အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှစေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
၂၀ ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ၊ အတိအလင်းပြောဆို၏။
၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးပြန်၏။ ယောဟန်က၊ ငါသည်ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟုဆိုပြန်၏။
၂၂ ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း၊ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာရှိစေခြင်းငှါ၊ သင်သည်ကိုယ် ကိုအဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။
၂၃ ယောဟန်ကလည်း၊ ငါသည် ပရောဖက်ဟေရှာယ ဟောပြော သည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏ အသံဖြစ်သည်ဟုဆို၏။
၂၄ အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း၊
၂၅ ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သောပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေးပြန်ကြ၏။
၂၆ ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံ ကိုပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောသူတယောက်ရှိ၏။
၂၇ ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှဖြည်ခြင်းငှါ ငါမထိုက်ဟုပြန်ပြော၏။
၂၈ ယောဟန်သည် ဗတ္တိဇံ ကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။