Thursday, 31 January 2019

31-JAN-2018 (READING -ORD 3-YC-C1)

Thu the 31st:     Memorial of John Bosco, priest.
Heb 10:19-25; Ps 24:1-6; Ps 119:105; Mark 4:21-25

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၀ (Heb 10:19-25);

၁၉-၂၀ ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓွာတည်းဟူသော ကုလားကာအားဖြင့် ထိုသခင်ပြင်ဆင် တော်မူသော အသက်လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတား မရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်၎င်း၊
၂၁ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်၎င်း၊
၂၂ ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍ ဝိစိကိစ္ဆာ နှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော် သို့ တိုးဝှေ့ချဉ်းကပ်ကြကုန်အံ့။
၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျောဘဲ တည်ကြည်ကြ ကုန်အံ့ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
၂၄ ထိုမှတပါး၊ မေတ္တာစိတ်ရှိ စေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍၊ အချင်းချင်း တယောက်ကိုတယောက် ထောက်စာကြည့်ရှုကြကုန်အံ့။
၂၅ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်း ဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည် ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။

ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);

၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။         
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌  အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:105);

၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊


ရှင်မာကုခရစ်ဝင် အခန်းကြီး ၄ (Mark 4:21-25);

၂၁ ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့သလော။
၂၂ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျှက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။
၂၃ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။
၂၄ ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။
၂၅ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။