Tue the 1st: Solemnity of Mary, Mother of God.
Num 6:22-27; Ps 67:1-8; Gal 4:4-7; Luke 2:16-21
တောလည်ရာကျမ်း အခန်းကြီး ၆ (Num 6:22-27);
၂၂ တဖန်မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊
၂၃ သင်တို့ သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းကြီးပေး၍ မြွက်ရသော စကားဟူမူကား၊
၂၄ ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။
၂၅ ထာဝရဘုရားသည် သင်၌ မျက်နှာတော်အလင်းကို လွှတ်၍ကရုဏာ ကျေးဇူးပြုတော်မူပါစေသော။
၂၆ ထာဝရဘုရားသည် သင့်ကိုမြော် ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု၊
၂၇ ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကိုမြွက်ဆို၍ တင်လျှင်၊ ငါသည်ထိုသူတို့ကို ကောင်းကြီးမင်္ဂလာ ပေးမည်ဟုမိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၆၇ (Ps 67:1-8);
၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော၊၊
၂ ထိုသို့သော အားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေ သော၊၊
၃ အိုဘုရားသခင်၊ လူများ တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
၎ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြ ပါစေသော၊၊ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်၊၊
၅ အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကိ ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊
၆ မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေး တော်မူ၏၊၊
၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်၊၊ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်၊၊
ဂလာတိသြဝါဒစာ အခန်းကြီး ၄ (Gal 4:4-7);
၎ အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏ အခွင့်အရာကို ခံရမည်အကြောင်း၊
၅ ပညတ်တရားလက်၌ ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။
၆ ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သောသား တော်၏ ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင်စေလွှတ်တော်မူ၏။
၇ သို့ဖြစ်၍ သင်တို့သည် နောက်တဖန်အစေအပါကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂ (Luke 2:16-21);
၁၆ အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကို၎င်းတွေ့ကြ၏။
၁၇ တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။ ၁၈ သိုးထိန်းတို့ပြောသော စကားကို ကြားသောသူ ရှိသမျှတို့သည် အံ့သြခြင်းရှိကြ၏။ ၂၀ သိုးထိန်းတို့သည်လည်းမိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာ ကိုထောက်၍၊ ဘုရားသခင်ကို အံ့သြချီးမွမ်းလျက်ပြန်သွားကြ၏။ ၂၁ ထိုသူငယ်အား အရေဖျားလှီးခြင်းကိုပေးရသော နေ့တည်းဟူသော ရှစ်ရက်မြောက်သော နေ့ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီကောင်းကင်တမန်မှည့်သောယေရှုအမည်ဖြင့်မှည့်ကြ၏။