Monday, 7 January 2019

07-JAN-2018 (READING -XMAS 2-YC-C1)

Mon the 7th: Optional memorial of Raymond of Penyafort, priest.
1 John 3:22-4:6; Ps 2:7-12; Matt 4:12-25

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 john 3:22-4:6);

၂၂ ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။
၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။
၂၄ ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရား သခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင်တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါ
၁ ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ။
၂ ဘုရားသခင်၏ ဝိညာဉ်တော်ကိုအဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအား ဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။
၃ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း၊ ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။
၎ ချစ်သားတို့၊ သင်တို့သည်ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်းအောင်ကြပြီ။ အကြောင်မူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသော သူထက် သာ၍ကြီးတော်မူ၏။
၅ ထိုသူတို့သည်လောကနှင့် စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်း အရာကိုပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကိုနားထောင်တတ်ကြ၏။
၆ ငါတို့မူကား၊ ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရား သခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့ စကားကိုနားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်း သိရကြ၏။

ဆာလံကျမ်း အခန်းကြီး ၂ (ps 2:7-12);

၇ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏၊၊  ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ၊၊
၈ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်၊၊
၉ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည် ဟု င့ါအား မိန့်တော်မူပြီ၊၊
၁၀ သို့ဖြစ်၍  ရှင်ဘုရင်တို့ ပညာသတိရှိကြလော့၊၊ လောကီမင်းတို့ ဆုံးမခြင်းကို ခံကြလော့၊၊
၁၁ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့၊၊
၁၂ သားတော်ကို နမ်းကြလော့၊၊ သို့မဟုတ်လျှင် အမျက်တော်ထွက်၍  သင်တို့သည် လမ်း၌ ပျက်စီးခြင်းကို ရောက်ကြလိမ့်မည်၊၊ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်၊၊ သားတော်ကို ကိုးစားသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (matt 4:12-25)

၁၂ ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
၁၃ နာဇရက်မြို့ကိုစွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင် စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍နေတော်မူ၏။
၁၄ ဤအကြာင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။
၁၅ နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်း ဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန် မြစ်တဘက်၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်၊
၁၆ မှောင်မိုက်ထဲမှာရှိနေသောလူများတို့သည် ကြီးစွာသောအလင်း ကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ ဟု ဟောထားသတည်း။
၁၇ ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီဟူသောတရားကို ဟောစ ပြုတော်မူ၏။
၁၈ ဂါလိလဲအိုင်နားမှာကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အနြေ္ဒ၊ ညီအစ်ကိုနှစ်ယောက် တို့သည်တံငါဖြစ်၍၊ အိုင်တွင်ပိုက်ကွန်ဖြန့်ချသည်ကိုမြင်တော်မူလျှင်၊
၁၉ ထိုသူတို့အားငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊
၂၀ ထိုသူတို့သည်ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
၂၁ ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ ၏သား ယာကုပ်နှင့်ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ခေါ်တော်မူ၏။
၂၂ ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
၂၃  ယေရှုသည် တရားစရပ်တို့၌ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်၊ ဂါလိလဲပြည်တပြည်လုံးကို ဒေသစာရီလှည့်လည်တော်မူ၏။
၂၄ သိတင်းတော်သည်လည်း ရှုရိပြည်၌အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။
၂၅ ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ယော်ဒန်မြစ်တဘက်မှ လာသောလူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။