Tue the 15th: Heb 2:5-12; Ps 8:2-9; 1 Thess 2:13; Mark 1:21-28
ဟေဗြဲသြဝါဒစာ အခန်းကြီး ၂ (Heb 2:5-12);
၅ ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကတမန်တို့၌ အပ်ပေးတော်မူသည် မဟုတ်။
၆ ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည်အဘယ်သို့ သောသူဖြစ်၍ ကိုယ်တော်သည် အောက် မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။
၇ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ သူ၏ခေါင်းကိုဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။ ဖန်ဆင်း တော်မူသောအရာများကိုအုပ်စိုးစေ၍၊
၈ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထား တော်မှုပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသောအရာတို့ကို ချထားတော်မူ၏ဟု ဆိုသော်၊ မချထားဘဲ ကျန်ရစ်သော အရာအစုံတခုမရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့မမြင်ရကြသေး။
၉ ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့ အောက်၌အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်ကို ငါတို့မြင် ကြ၏။
၁၀ အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသော ဘုရားသည် စီရင်တော်မူအပ်၏။
၁၁ သန့်ရှင်စေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသောပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ခေါ်ခြင်းငှါ ရှက်ကြောက် တော်မမူ။ ထိုသို့ခေါ်သောအချက်ဟူမူကား၊
၁၂ သိတင်းတော်ကိုအကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြား ပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။
ဆာလံကျမ်း အခန်းကြီး ၈ (Ps 8:2-9);
၂ ကိုယ်တော်၏ ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေခြင်းငှါ၊ နို့စို့သူငယ်တို့၏ နှုတ်ထဲမှာ အစွမ်းသတ္တိကို စီရင်တော်မူ၏၊၊
၃ လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူ သောလနှင့် ကြယ်များကို၎င်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
၎ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း၊၊ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ၊၊
၅ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။
၆ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍
၇ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊
၈ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ၊၊
၉ အိုအကျွန်ုပ်တို့၏ ဘုရားရှင် ထာဝရဘုရား ကိုယ်တော်၏ နာမသည် မြေကြီးတပြင်လုံး၌ အလွန် ကြီးမြတ်တော်မူသ နည်း၊၊
သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:13);
၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:21-28);
၂၁ ကပေရနောင်မြို့သို့သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ်သို့ဝင်၍ ဆုံးမ သြဝါဒပေးတော်မူ၏။
၂၂ ပရိသတ်တို့သည်လည်း ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။
၂၃ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူး သောနတ်စွဲသောသူရှိ၍၊
၂၄ သြော် နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရား သခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
၂၅ ယေရှုကလည်း၊တိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊
၂၆ ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသော အသံနှင့်အော်ဟစ်၍ ထွက်သွား၏။
၂၇ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကား ဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
၂၈ သိတင်းတော်သည်လည်း ဂါလိလဲပြည် အရပ်ရပ် တို့၌ ချက်ခြင်းနှံ့ပြား ကျော်စောလေ၏။