Friday, 25 January 2019

25-JAN-2018 (READING -ORD 2-YC-C1)

Fri the 25th:     Feast of Conversion of Paul.
Heb 8:6-13; Ps 85:8-14; 2 Cor 5:19; Mark 3:13-19

ဟေဗြဲသြဝါဒစာ အခန်းကြီး ၈ (Heb 8:6-13);

၆ ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သောဂတိတော်တို့၌ တည်သော၊ သာ၍မြတ်သောပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သောဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။
၇ ပဌမပဋိညာဉ်တရားသည် အပြစ် တင်ခွင့်မရှိသည်မှန်လျှင်၊ ဒုတိယပဋိညာဉ်တရားတည်ရသောအခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။
၈ ပဌမပဋိညာဉ်  တရားကိုထာဝရဘုရားသည်အပြစ်တင်၍ မိန့်တော်မူသည်ကား၊
၉ ငါသည်ဤလူမျိုး၏ ဘိုးဘေး တို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ် တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသောပဋိညာဉ် တရား၌ သူတို့သည်မတည်ကြ။ ငါသည်လည်းသူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။
၁၀ နောင်ကာလအခါ ဣသရေလ အမျိုးသားတို့၌ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ် ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်။
၁၁ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမသြဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။
၁၂ ထိုအခါ ငါသည်သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၃ ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော် မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသော အရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီး သတည်း။

ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:8-14);

၈ ထာဝရအရှင်ဘုရားသခင် အဘယ်သို့မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။
၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ 
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။



ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၃ (Mark 3:13-19);

၁၃ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့လာကြ၏။
၁၄ ကိုယ်တော်နှင့်အတူရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
၁၅ နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊
၁၆ ပေတရုအမည်သစ်ကိုပေးတော်မူသောရှိမုန်၊
၁၇ မိုဃ်းကြိုးသားဟုဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊
၁၈ အနြေ္ဒ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊
၁၉ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထား တော်မူ၏။