Wed the 9th: 1 John 4:11-18; Ps 72:1-13; Mark 6:45-52
1 John 4:11-18; Ps 72:1-13; Mark 6:45-52
Sat the 9th: 1 John 4:11-18; Ps 72:1-13; Mark 6:45-52
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 John 4:11-18);
၁၁ ချစ်သူတို့၊ ဘုရားသခင်သည်ငါတို့ကို ဤမျှလောက် ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။
၁၂ ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည် တော်မူ၍၊ ငါတို့သည်ချစ်ခြင်း မေတ္တာတော်နှင့် ပြည့်စုံလျက်ရှိကြ၏။
၁၃ ဘုရားသခင်သည် ဝိညာဉ်တော်၏ ကျေးဇူးကို ငါတို့အားပေး တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်၌ တည်သည်ကို၎င်း၊ ဘုရားသခင်သည် ငါတို့၌တည် တော်မူသည်ကို၎င်းသိရကြ၏။
၁၄ လောကီသားတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သားတော်ကိုစေလွှတ်တော်မူသည်ကို ငါတို့သည် သိမြင်၍ သက်သေခံကြ၏။
၁၅ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရား သခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
၁၆ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူ ခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူ သည်ဘုရားသခင်၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ၌ တည်တော် မူ၏။
၁၇ ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည်ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။
၁၈ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည်ပူပန်ခြင်းဝေဒနာကို ဖြစ်စေသော ကြောင့်၊ စုံလင်သော မေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။
ဆာလံကျမ်း အခန်းကြီး ၇၂ (Ps 72:1-13);
၁ ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆိုသောဆာလံ။ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။
၃ တောင်ကြီးတောင်ငယ် တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့ အားချမ်းသာပေးကြလိမ့်မည်။
၎ ထိုမင်းသည် ကိုယ်တော်၏ လူတို့ တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ် သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကို လည်း နှိပ်စက်ပါလိမ့်မည်။
၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကိုစိုစေသော မိုဃ်း ပေါက်များကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၇ လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရား သောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။
၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေစွန်းတိုင် အောင်၎င်း၊ အစိုးရတော်မူလိမ့်မည်။
၉ တောတွင်းသား တို့သည်ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
၁၀ တာရှုမင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏာများကို ဆက်ကြလိမ့်မည်။
၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်တို့ကို ထမ်းကြလိမ့်မည်။
၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ၊ အော်ဟစ်သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
၁၃ ဆင်း ရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:45-52)
၄၅ စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ်သို့ကြွ တော်မူ၏။
၄၆ ညအချိန်ရောက်သောအခါ လှေသည်အိုင်အလယ်၌ရှိ၏။ ကိုယ်တော်သည် ကုန်းပေါ်မှတယောက်တည်း ရှိနေတော်မူ၏။
၄၇ လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီးကျော်အချိန်၌ အိုင်ပေါ်မှစက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ ကြွ၌ အနားမှာရှောက်သွား မည်ပြုတော်မူ၏။
၄၈ ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည် မြင်လျှင်၊ ဖုတ်တစ္ဆေဖြစ်သည်ဟု စိတ်ထင်နှင့်အော်ဟစ်ကြ၏။
၄၉ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်၍ ထိတ်လန့်ခြင်း သို့ရောက်ကြ၏။ ကိုယ်တော်သည် ချက်ခြင်းနှုတ်ဆက်၍၊ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။
၅၀ လှေပေါ်၌ သူတို့ရှိရာသို့တက်တော်မူလျှင် လေသည် ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့သြခြင်းသို့ ရောက်ကြ၏။
၅၁ အကြောင်းမူကား၊ သူတို့စိတ်နှလုံးမိုက်သည်ဖြစ်၍ မုန့်၌ပြသောတန်ခိုးတော်ကို ပမာဏမပြုကြ။
၅၂ ကမ်းတဘက်သို့ကူးလျှင်၊ ဂင်္နေသရက်နယ်သို့ ရောက်၍လှေကိုဆိုက်ကြ၏။