Sunday, 5 February 2017

05-FEB-2017 (READING ORD5 -YA-C1)

Sun the 5th: Psalter I, Ordinary Time Week 5.
(Memorial of Agatha, virgin and martyr.)
Isa 58:7-10; Ps 112:4-9; 1 Cor 2:1-5; John 8:12; Matt 5:13-16

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၈ (Isa 58:7-10) ;

၇ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသော သူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကိုမရှောင် ဘဲနေခြင်းမဟုတ်လော။
၈ သို့ပြုလျှင်သင်၏အလင်းသည် မိုဃ်းသောက်သော အလင်းကဲ့သို့ပေါ်ထွန်း၍၊ အလျင်အမြန်ကျန်းမာခြင်း သို့ ရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း၊ ပါရမီသည် သင်ရှေ့၌သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။
၉ သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည်သင်၏အထဲက ထမ်းဘိုးကိုင်း၊ လက်ည‡ိုးထိုးခြင်းကိုင်း၊ ကဲ့ရဲ့သောစကား ကိုင်း ပယ်ရှား၍၊
၁၀ မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်း သော အရာမှာသင်၏အလင်းသည်ပေါ်ထွန်း၍၊ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 112:4-9);

၎ သဘောဖြောင့်သော  သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊
၇ မကောင်းသောသိတင်းကို မကြောက်ရ၊၊ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည်တတ်၏၊
၈ သူ၏ စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍ ရန်သူတို့၌ အားမရမှီတိုင်အောင် ကြောက်ခြင်းနှင့် လွတ်လိမ့်မည်၊၊
၉ သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ၊၊ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏၊၊ သူ၏ဦးချိုသည် ဂုဏ်အသေရေနှင့် ချီးမြ‡င့်ခြင်း ရှိလိမ့်မည်၊၊

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Cor 2:1-5);

၁ ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏သက်သေချက်ကိုထူးမြတ် သောစကားနှင့် ထူးမြတ်သောပညာအားဖြင့် သင်တို့အားပြသ၍ ရောက်လာသည်မဟုတ်။
၂ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသောလက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောသခင်မှတပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ်ပြဌာန်းခြင်းရှိ၏။
၃ သင်တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့် တကွငါရှိနေ၏။
၎-၅ သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော် အားဖြင့်တည်စေခြင်းငှါ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်ယှဉ်သောဖြားယောင်းသောစကားနှင့် တကွရှိသည် မဟုတ်။ ဝိညာဉ်တော်၏ နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွရှိ၏။


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:12);

၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:13-16);

၁၃ သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
၁၄ သင်တို့သည် ဤလော က၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်။
၁၅ ဆီမီးထွန်း၍ တောင်းဇလား အောက်၌ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။
၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။