ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၁) (ှငမ ၁ါ်၁-၁၀)း
၁။ Óဏ်ပညာ အားလုံးသည် သခင်ဘုရားထံမှ လာ၍ ကိုယ်တော်နှင့်အတူအစဉ်တည်နေ၏။
၂။ မည်သူသည် ပင်လယ်ကမ်းခြေမှ သဲပွင့်များကို လည်းကောင်း၊ မိုးရေစက်များကိုလည်းကောင်း၊အချိန်ကာလ၏မကုန် မဆုံးနိုင်သော နေ့များကိုလည်းကောင်း၊ ရေတွက်နိုင် မည်နည်း။
၃။ ကောင်းကင်၏ အမြင့်ကိုလည်းကောင်း၊ ကမ္ဘာလောက၏ အကျယ်အဝန်းကို လည်းကောင်း၊ အဆုံးမရှိ နက်ရှိုင်းသော ချောက်၏အတိမ်အနက်ကို လည်းကောင်း၊မည်သူတိုင်းထွာနိုင်မည်နည်း။
၎။ Óဏ်ပညာကို အရာခပ်သိမ်း အားလုံးတို့ထက် ဦးစွာ ပထမဖန်ဆင်းတော်မူခဲ့၏။အမြော်အမြင်သတိရှိသော သိနားလည်ခြင်းကို အချိန်စတင် မတည်ရှိကပင်ဖန် ဆင်းခဲ့၏။
၅။ Óဏ်ပညာ စီးထွက်ရာ စမ်းရေတွင်းသည်ကားအမြင့် ဆုံးအရပ်မှဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း၊ သူမ၏ လမ်းများမူကား ထာဝရပညတ်တရားများပင်
၆။ တည်း။ Óဏ်ပညာ၏အကြောင်းရင်းကို မည်သူအား ဖော်ထုတ် ပြသပါသနည်း။ သူမ၏လျှို့ဝှက်ချက်များ ကို မည်သူ သိပါသနည်း။
၇။ Óဏ်ပညာ၏သိမြင်ခြင်းကိုမည်သူရှာဖွေတွေ့ရှိနိုင်ပါသနည်း။ သူမ၏ြွကယ်ဝစုံလင်သောအတွေ့အကြုံကို မည်သူ နားလည်ပါသနည်း။
၈။ ပညာတော်နှင့် ပြည့်စုံ၍ အမှန်စင်စစ် ကြောက်မက် ဖွယ်ကောင်းသော သူတစ်ပါးတည်း ရှိတော်မူ၏။ ကိုယ်တော်သည် ပလ္လင်တော်ပေါ်မှာ စိုးစံတော်မူ၏။
၉။ ကိုယ်တော်သည် သူမကို ဖန်ဆင်းတော်မူသောသူဖြစ် ၏။ ကိုယ်တော်သည်သူမကိုကြည့်ရှုတော်မူ၍အသိအ မှတ်ြုပတော်မူ၏။
၁၀။ ကိုယ်တော်သည် မိမြိုပတော်မူသော လုပ်ငန်းအားလုံး နှင့် သက်ရှိ အားလုံးအပေါ်တွင် မိမိ၏ ကောင်းမြတ် တော်မူခြင်းအတိုင်း၊ သူမကို သွန်းလောင်းတော်မူ၏။ ကိုယ်တော်သည် မိမိ ချစ်ခင်တော်မူသော သူတို့အား သူမကို ရက်ရက်ရောရော ပေးတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၉၃ (Ps 93:1-5);
၁ ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှား နိုင်အောင် တည်လျက်ရှိ၏။
၂ ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ်အမြဲဖြစ်တော်မူ၏။
၃ အိုထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကိုပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုး ခတ်ကြပါ၏။
၎ ရေများဟုန်းသံနှင့် တကွ သမုဒ္ဒရာ လှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သောအရပ် ၌သာ၍ တန်ခိုးကြီးတော်မူ၏။
၅ သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်း ပါရမီသည် အစဉ်အမြဲ အိမ်တော်၏ အသရေဖြစ်ပါသတည်း။
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:14-29);
၁၄ တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့်ဆွေးနွှေးမေးမြန်းကြသည်ကို မြင်တော်မူ၏။
၁၅ စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းအံ့သြမိန်းမောခြင်းရှိလျက် အထံတော်သို့ပြေး၍နှုတ်ဆက်ကြ၏။
၁၆ ကိုယ်တော် ကလည်း၊ သင်တို့သည်သူတို့နှင့် အဘယ်သို့ဆွေးနွှေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာ တို့ကို မေးတော်မူလျှင်၊
၁၇ လူအစုအဝေး၌ပါသောသူတယောက်က အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ဆောင်ခဲ့ပါပြီ။
၁၈ နတ်သည် ဘမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာလှဲ၍၊ သူသည်လမ်း ခံတွင်းမှ အမြှုတ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည်မတတ်နိုင်ကြပါဟု လျှောက်သော်၊
၁၉ ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊ ၂၀ ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း သူငယ်ကို တောင့်မာ စေသဖြင့် သူငယ်သည်မြေပေါ်မှာလဲ၍ အမြှုတ်ထွက်လျက် ကိုယ်ကိုလှိမ့်လျက်နေ၏။
၂၁ ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအားမေးတော်မူလျှင်၊ အဘက၊ ငယ်သောအရွယ်ကပင်ဖြစ်ပါ၏။
၂၂ သူငယ်ကိုသေ စေခြင်းငှါ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကိုသနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။
၂၃ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။ ၂၄ သူငယ်၏အဘသည် ချက်ခြင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန် လေ၏။
၂၅ ထိုအခါလူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကား အသောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍မိန့် တော်မူသဖြင့်၊
၂၆ နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟုလူများဆိုကြ၏။
၂၇ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချည်ကြွတော်မူသဖြင့် သူသည်ထလေ၏။
၂၈ အိမ်သို့ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကိုအဘယ်ကြောင့်မနှင်ထုတ်နိုင် ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊
၂၉ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟုမိန့်တော်မူ၏။