Sat the 25th: Sir 17:1-15; Ps 103:13-18; Matt 11:25; Mark 10:13-16
ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (၆) (ှငမ ၆ါ်၅-၁၇)း
စစ်မှန်သောမိတ်ဆွေဖြစ်ခြင်း
၅။ နူးညံ့သိမ်မွေ့သော စကားများကိုပြောသောနှုတ်သည် မိတ်ဆွေအမြောက်အများတိုးပွားစေ၏။ဖော်ရွေချိုသာသောစကားပြောဆိုသော လျှာသည်ယဉ်ကျေးသိမ်မွေ့ သောတုံ့ပြန်စကားများကိုရစေ၏။
၆။ သင်၌ မိတ်ဆွေ အပေါင်းအသင်းမြောက်များစွာထား လော့။သို့သော်လူတစ်ထောင်မှာတစ်ယောက်သာလျှင် သင့်ကို ယုံကြည်ရသောအကြံပေးသူအဖြစ်လက်ခံပါ
၇။ လော့။ သင်သည်တစ်ဦးတစ်ယောက်ကိုမိတ်ဆွေဖွဲ့လို ပါလျှင် ရှေးဦးပထမသူ့ကို စမ်းသပ်ပါလော့။ သူ့ကို လုံးဝ ယုံကြည်စိတ်ချရန် ဆန္ဒမစောပါနှင့်။
၈။ မိတ်ဆွေတစ်မျိုးသည်ကား သူ့အတွက်အကျိုးရှိပါက သင့်အပေါ်တွင် မိတ်ဆွေပီသ၍ သင်ဒုက္ခအခက်အခဲ ရောက်သောအခါသူသည်သင့်အနားမှာရှိမည်မဟုတ်။
၉။ မိတ်ဆွေ နောက်တစ်မျိုးသည်ကား သင်၏ရန်သူဖြစ် လာပြီးလျှင်သင်အရှက်တကွဲဖြစ်စေရန်သင်နှင့်အငြင်းပွားမှုကို လူအများရှေ့မှာ ထုတ်ဖော်ပြောလေ၏။
၁၀။ ထို့အပြင် သင်နှင့်အတူ စားသောက်ပွဲတွင် အတူတူ စားသောက်သော်လည်း သင်ပူဆွေး ဒုက္ခကြုံတွေ့ရ သောအချိန်တွင် သင့်အနားမှာ ရှာမတွေ့ရသော မိတ်
၁၁။ ဆွေတစ်မျိုးလည်းရှိသေး၏။အစစအရာရာအဆင်ပြေနေစဉ်အခါက သူသည်သင်၏ ကိုယ်ခွဲဖြစ်လျက်သင် ၏ ကျေးကျွန်များကို တရင်းတနှီး အမိန့်ပေးခိုင်းစေ
၁၂။ တတ်သော်လည်း။သင်သည်တဖြည်းဖြည်းနိမ့်ကျလာ
သောအခါ သူသည်သင့်ကို ဆန့်ကျင်ပုတ်ခတ်၍သင့်
အားမျက်နှာချင်းမဆိုင်မိစေရန် ရှောင်ရှားလိမ့်မည်။
၁၃။ သင်၏ရန်သူများကိုအဝေးမှာနေစေ၍သင်၏မိတ်ဆွေ များကို သတိဝီရိယနှင့် စောင့်ကြည့်လော့။
၁၄။ သစ္စာရှိသော မိတ်ဆွေသည် ခိုင်ခံ့သောခိုလှုံရာဖြစ်၍ ဤကဲ့သို့သော မိတ်ဆွေကို ရှာတွေ့သော သူသည် ဘဏ္ဍာတိုက်ကိုရှာတွေ့ခြင်းဖြစ်၏။ သစ္စာရှိသောမိတ်
၁၅။ ဆွေသည် အဘိုး မဖြတ်နိုင်။ သူ၏တန်ဘိုးရှိခြင်းကို မည်သည့်ငွေကြေးပမာဏနှင့်မျှ နှိုင်းယှဉ်နိုင်လိမ့်မည်
၁၆။ မဟုတ်။ သစ္စာရှိသော မိတ်ဆွေသည် အသက်ကယ် ဆေးဖြစ်၏။ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ များသာလျှင် ဤသို့သော မိတ်ဆွေမျိုးကိုရတတ်၏။
၁၇။ အကြောင်းမူကား ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေ သောသူသည် မိတ်ဆွေစစ် မိတ်ဆွေမှန် အတိုင်း ကျင့်ကြံ၏။ သူ၏ မိတ်ဆွေသည်လည်း သူကဲ့သို့ ပင်ဖြစ်လိမ့်မည်။၅
ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:13-18);
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော် မူ၏။
၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓြွာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်း ကို အောက်မေ့တော်မူ၏။
၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။လူသည် လယ်ပြင် ၌ရှိသောပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။
၁၆ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။
၁၇ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တက်၏။
၁၈ သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ ၊ သတိပြုသော သူတို့၏ သားစဉ် မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:13-16);
၁၃ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။
၁၄ ယေရှုသည် မြင်တော်မူလျှင်အမျက်တော်ထွက်၍၊ ထိုသူငယ် တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။
၁၅ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော် သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊
၁၆ သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းကြီးပေးတော် မူ၏။