Tue the 14th: Optional memorial of Cyril, monk, and Methodius, bishop.
Gen 6:5-8, 7:1-10; Ps 29:1-10; John 14:23; Mark 8:14-21
ကမ္ဘာဦးကျမ်း အခန်းကြီး ၆ (Gen 6:5-8, 7:1-10);
၅ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံး အကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊
၆ မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။
၇ ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
၈ နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
၁ ထိုနောက်၊ ထာဝရ ဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလ အမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ကြလော့။
၁ ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်းတရာ ငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။
၂ မြေကြီးပေါ်မှာ တိရစ္ဆာန် အမျိုးမပြတ် ဆက်နွှယ်စေခြင်းငှါ၊ စင်ကြယ်သောသားမျိုး၊ တမျိုးတမျိုး တွင် အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး တမျိုးတမျိုးတွင် လည်း အထီးအမ နှစ်စုံစီ၊
၃ မိုဃ်းကောင်းကင် ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီး တို့ကို သိမ်းယူရမည်။
၎ အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်းရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည် ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
၅ မှာထားတော်မူသည် အတိုင်းလည်း နောဧပြုလေ၏။
၆ မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာရှိသတည်း။
၇ ရေလွှမ်းမိုးခြင်းဘေး ကြောင့် နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊
၈ ဘုရားသခင်မှာထားတော်မူသည် အတိုင်း၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များထဲက၊
၉ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
၁၀ ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ ပေါ်လာ၏။
ဆာလံကျမ်း အခန်းကြီး ၂၉ (Ps 29:1-10);
၁ အိုဘုရားသခင်သားတို့ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့၊၊
၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံလျက် သန့်ရှင်းသော တန်ဆာကို ဆင်၍ ထာဝရဘု ရား ကို ကိုးကွယ်ကြလော့၊၊
၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏၊၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုဃ်းချုန်းတော်မူ၏၊၊ ထာဝရဘုရားသည် များစွာသော ရေပေါ်မှာ ရှိတော်မူ၏၊
၎ ထာဝရဘုရား၏ အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏၊၊ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏၊၊
၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင်တို့ကို ချိုးတော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန် အာရဇ်တောကို ချိုးတော်မူ၏၊၊
၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တောနှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း၊ ခုန်စေတော်မူ၏၊၊
၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏၊၊
၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏၊၊ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ခြားတော်မူ၏။
၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ်မတို့ကို မွေးဘွားစေတော်မူ၏၊၊ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသော သူတို့သည် ဘုန်းတော်ကို ဘော်ပြကြစေ။
၁၀ ထာဝရဘုရားသည် မိုဃ်းသက် မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၈ (Mark 8:14-21);
၁၄ တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တလုံးတည်းသာ ရှိ၏။
၁၅ ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကို၎င်း၊ ဟေရုဒ်၏ တဆေးကို၎င်း၊ သတိနှင့်ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။
၁၆ တပည့်တော်တို့ကို၎င်း၊ ငါတို့၌မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။
၁၇ ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွှေးပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံးမသွင်း နားမလည်ကြသလော။ သင်တို့စိတ်နှလုံး မိုက်သေးသလော။
၁၈ မျက်စိရှိလျှက်ပင်မမြင်၊ နားရှိလျှက်ပင်မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။
၁၉ မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်းကောက်သိမ်း သနည်းဟု မေးတော်မူလျှင်၊ တစ်ဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။
၂၀ မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်း ပါသည်ဟု လျှောက်ကြ၏။
၂၁ သို့ဖြစ်လျှင်၊ သင်တို့သည်နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။