Thu the 16th: Gen 9:1-13; Ps 102:16-23; John 6:63, 68; Mark 8:27-33
ကမ္ဘာဦးကျမ်း အခန်းကြီး ၉ (Gen 9:1-13);
၁ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကို ကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဘွားလျက် မြေကြီးကို ပြည့်စေကြလော့။
၂ မြေတိရ စ္ဆာန်၊ မိုဃ်းကောင်းကင်ငှက် အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေှ့မှာ ကြောက့်ရွံတုန်လှုပ်ခြင်း သဘော ရှိရကြလိမ့်မည်။ ထိုတိရ စ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏။
၃ အသက်ရှင်၍ လှုပ်ရှားတတ်သမျှ သည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့ စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။
၎ သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။
၅ အကယ်၍ သင်တို့အသက် တည်း ဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရ စ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။
၆ အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့် အညီ လူကို ဖန်ဆင်းတော်မူ၏။
၇ သင်တို့သည် သားကိုဘွား၍ များပြားကြလော့။ မြေကြီးပေါ်မှာ အလွန်မွေးဘွား၍ များပြား ကြလော့ဟု မိန့်တော်မူ၏။
၈ တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကို မိန့်တော်မူသည်ကား၊
၉ သင်တို့နှင့်၎င်း၊ နောက်ဖြစ် လတံ့သော အမျိုးအနွှယ်နှင့်၎င်း၊
၁၀ သင်တို့ထံမှာ အသက်ရှင်သော တိရစ္ဆာန်တည်းဟူသော၊ ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန် အပေါင်းတို့နှင့်၎င်း၊ ငါသည် ကိုယ်တိုင် ပဋိညာဉ် ပြု၏။
၁၁ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက် တဖန် မဆုံးရကြ။ မြေကြီးကိုဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။
၁၂ ထိုမှတပါး၊ ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တဘက်၌၊ သားမြေး အစဉ်အဆက် မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေ ဟူမူကား၊
၁၃ ငါ၏သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၁၀၂ (Ps 102:16-23);
၁၆ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
၁၇ ကိုးကွယ်ရာ မဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌာနကို မှတ်တော်မူလိမ့်မည်။
၁၈ ထိုအကြောင်းအရာ ကို နောက်ဖြစ်လတံ့သော လူမျိုးတို့အဘို့ ရေးမှတ် ရမည်။ပြုပြင်တော်မူလတံ့သောသူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
၁၉-၂၂ ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှာ၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာ၎င်း၊ အတိုင်းတိုင်း အပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာ၊ သန့်ရှင်းရာ ဌာနတော်အထွဋိ ကငုံကြည့် တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
၂၃ လမ်းခရီး၌ ငါ၏ အစွမ်းကို လျော့စေခြင်းငှာ၎င်း၊ ငါ၏ နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း၊ ပြုတော်မူသော အခါ၊
၂၄ ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစင်ပင် ပယ်ရှင်းတော် မမူပါနှင့်၊ ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက် မြဲကြပါ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:63, 68);
၆၃ိဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက် လည်းဖြစ်၏။
၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွား ရပါမည်နည်း။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၈ (Mark 8:27-33);
၂၇ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၂၈ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယ ဖြစ်သည်ဟူ၍၎င်း၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
၂၉ သင်တို့လည်း ငါ့ကိုအဘယ်သူ ဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
၃၀ ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့အား ပညတ်တော်မူ၏။
၃၁ ထိုမှတပါး၊ လူသားသည်များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကိုင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။
၃၂ ထိုသို့ အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍ အပြစ်တင်သောစကားကိုလျှောက်သော်၊
၃၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာစွဲလန်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။