Wednesday, 22 February 2017

22-FEB-2017 (READING ORD7 -YA-C1)

Wed the 22nd:    Feast of Chair of St. Peter, apostle.
Sir 4:11-19; Ps 119:165-175; John 14:6; Mark 9:38-40

ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (၄) (ှငမ ၄ါ်၁၁-၁၉)း

၁၁။ Óဏ်ပညာသည်မိမိ၏သားသမီးများကိုသင်ကြားပျိုး ထောင်ပေးလျက် မိမိကို ရှာဖွေသူတို့အား ဂရုတစိုက်
၁၂။ စောင့်ရှောက်၏။သူမကိုချစ်မြတ်နိုးသောသူသည်ဘဝ အသက်တာကိုလည်း ချစ်မြတ်နိုး၏နံနက်စောစောထ ၍ Óဏ်ပညာကို ရှာဖွေသောသူသည်ဝမ်းမြောက်ရွှင် လန်းခြင်းဖြင့် ပြည့်ဝ၏။
၁၃။ သူမကို ပိုင်ဆိုင်သောသူသည်ဂုဏ်ကျက်သရေရှိခြင်း ကိုရလိမ့်မည်။သူသွားလာသောနေရာတိုင်းတွင်ဘုရား သခင်သည် ကောင်းချီး မင်္ဂလာပေးသနားတော်မူလိမ့်
၁၄။ မည်။ သူမကို အစေခံသောသူသည်သန့်ရှင်းတော်မူ သောသခင်ကိုအစေခံခြင်းဖြစ်သည်။သူမကိုချစ်သောသူအား ဘုရားသခင်သည်ချစ်ခင်တော်မူ၏။
၁၅။ သူမကို နားထောင်သောသူသည်လူမျိုးတကာတို့အား
၁၆။ တရားမျှတစွာတရားစီရင်လိမ့်မည်။သူမကိုနားထောင် သောသူသည် လြုံခံစွာနေရလိမ့်မည်။သူမကိုယုံကြည် အားကိုးသောသူသည်သူမကိုပိုင်ဆိုင်လိမ့်မည်။ထိုသူ ၏သားစဉ် မျိုးဆက်သည်လည်း သူမကို ပိုင်ဆိုင်ကြ လိမ့်မည်။
၁၇။ အစဦးတွင် သူမသည် သူနှင့်အတူ ကြမ်းတမ်း ကွေ့ ကောက်သော လမ်းများပေါ်မှာ ဦးဆောင်လျက် သူ၌ ကြောက်ရွံ့ခြင်းနှင့်ထိတ်လန့်တုန်လှုပ်ခြင်းဖြစ်ပေါ်စေ ပြီးမိမိ၏စည်းကမ်းဥပဒေဖြင့်စုံစမ်းစစ်ဆေးလိမ်မည်။ သူမသည်သူ့ကိုယုံကြည်စိတ်ချရသည့်အထိ မိမိဆုံးမ
၁၈။ သွန်သင်ချက်များဖြင့် စမ်းသပ်လိမ့်မည်။ ထို့နောက် သူမသည် သူ့ကို ဖြောင့်မတ်သောလမ်းသို့ ပြန်လည် ခေါ်ဆောင်လာ၍ ဝမ်းမြောက် ပျော်ရွှင်ခြင်းကို ပေး လျက်မိမိ၏လျှို့ဝှက်ချက်များကို သူ့အား ဖော်ပြလိမ့်
၁၉။ မည်။အကယ်၍သူသည်လမ်းမှားသို့ရောက်သွားပါက သူမသည် သူ့ကို စွန့်ခွာ၍ သူသည်လည်း မိမိ၏ ကံကြမ္မာအတိုင်းရှိလိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:165-175);

၁၆၅ တရားတော်ကို နှစ်သက်သော သူတို့ ၌ ကြီးစွာသော ငြိမ်ဝပ်ခြင်း ရှိပါ၏၊၊ သူတို့စိတ်ပျက်စရာ အကြောင်းမရှိပါ၊၊
၁၆၆ အိုထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မြော်လင့်၍ ပညတ်တော်တို့ကို ကျင့်ပါ၏၊၊
၁၆၇ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏၊၊ အလွန်နှစ်သက်ပါ၏၊
၁၆၈ ကိုယ်တော်၏ ဥပဒေတို့နှင့် သက်သေခံတ်ာမူချက်တို့ကို စောင့်ပါ၏၊ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ ရှိကြပါ၏၊၊
၁၆၉ အိုထာဝရဘုရား အကျွန်ုပ်အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော၊၊ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၇၀ အသနားခံသော စကားသည် ရှေ့တော်သို့ ရောက်ပါစေသော၊၊ ဗျာဒိတ်တော် အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၇၁ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ အကျွန်ုပ်၏ နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်၊၊
၁၇၂ အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်၊၊
၁၇၃ ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်သည်ဖြစ်၍ လက်တော်သည် အကျွန်ုပ်ကို မစပါစေသော်၊၊
၁၇၄ အို ထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်တောင့်တပါ၏၊၊ တရား တော်သည်လည်ူး အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏၊၊
၁၇၅ အကျွန်ုပ်သည် အသက်ရှင်၍ ကိုယ်တော်ကို ချီးမွမ်းပါစေသော၊ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော၊၊
၁၇၆ ပျောက်သောသိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီင်္၊ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ၊၊ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);

၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:38-40);

၃၈ ယောဟန်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်တို့ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သော ကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟုလျှောက်လေသော်၊
၃၉ ယေရှုက ထိုသူကို မမြစ်တားကြနှင့်။ ငါ့နာမကိုအမှီပြုလျက် တန်ခိုးကိုပြ၍ငါ့ကို အလွယ်တကူကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ။
၄၀ သင်တို့၏ရန်သူဘက်၌ မရှိသောသူသည် သင်တို့ဘက်၌ရှိ၏။