Sir 2:1-11; Ps 37:3-40; Gal 6:14; Mark 9:30-37
ဆီရပ်ခ်၏နီတိဒေသနာကျမ်းကြီး (၂) (ှငမ ၂ါ်၁-၁၁)း
၁။ ငါ့သား သင်သည် ဘုရားသခင်ကိုအစေခံရန်သင်လာ သောအခါ စုံစမ်းနှောင့်ရှက်ခြင်း ခံနိုင်ရန် အသင့်ပြင်
၂။ ဆင်ထားလော့။၂စိတ်နှလုံးဖြူစင်ရိုးသား၍ တည်ကြည် မြဲမြံခြင်းရှိလော့။ ဘေးဒုက္ခရောက်ချိန်၌စိတ်မချောက်
၃။ ခြားစေနှင့်။ ကိုယ်တော်ကို စွဲစွဲမြဲမြဲဆည်းကပ်လော့။ ကိုယ်တော်ကိုမည်သည့်အခါမျှမစွန့်ပယ်လေနှင့်။သင်
၏ဘဝ နောက်ဆုံးအချိန်အထိ ကြီးပွားတိုးတက်လိမ့်
၎။ မည်။ သင်၌ဖြစ်ပျက်သမျှအားလုံးကိုလက်ခံပါလော့။ ကဲ့ရဲ့ရှုတ်ချခြင်း ခံရသောအခါ စိတ်ရှည်စွာ သည်းခံ
၅။ လော့။ ရွှေကိုမီးဖြင့် စမ်းသပ်ရသကဲ့သို့ ဘုရားသခင် နှစ်သက်မြတ်နိုးသော သူတို့အား ကဲ့ရဲ့ရှုတ်ချခံရခြင်း
၆။ ဖြင့်စမ်းသပ်တော်မူ၏။ကိုယ်တော်၌ယုံကြည်အားကိုး လော့ ကိုယ်တော်သည် သင့်ကို ကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ သင်သွားရမည့် လမ်းများကိုဖြောင့် မတ်စေလျက် ကိုယ်တော်၌ မျှော်လင့်ခြင်း ရှိလော့။
၇။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏ သနား ကရုဏာတော်ကို စောင့်ငံ့နေလော့။ သင်သည် အပြစ်ထဲသို့မကျရအောင်လမ်းလွဲမသွားပါ
၈။ စေနှင့်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော သင် သည် ကိုယ်တော်၌ ယုံကြည်လော့၊ သင်၏ဆုလာဘ် တော်ကို ဆုံးရှုံး လိမ့်မည်မဟုတ်။
၉။ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေသော သင်သည် ကောင်းရာဟူသမျှကိုမျှော်လင့်တောင့်တလော့။ထာဝရ ပျော်ရွှင်ခြင်းနှင့်သနားကရုဏာကိုမျှော်လင့်လော့။
၁၀။ သင်၏ဘိုးဘေးတို့၌ဖြစ်ပျက်သမျှအကြောင်းအရာတို့ကို သတိရလော့။ကိုယ်တော်၌ယုံကြည်အားထားခဲ့ကြ သော သူတို့တွင် မည်သူ အရှက်ကွဲခဲ့သနည်း။ဘုရား သခင်ကို ကြောက်ရွံ့ခြင်း၌တည်ကြည်သစ္စာရှိခဲ့ကြသူ တို့တွင် မည်သူစွန့်ပစ်ခံရသနည်း။ဘုရားသခင်ထံအ သနားခံသောသူတို့တွင်မည်သူသည်နားညောင်းခြင်း မခံရဘဲရှိသနည်း။
၁၁။ အကြောင်းမူကားဘုရားသခင်သည် ညှာတာထောက် ထား၍ သနားကြင်နာတော်မူ၏။ ကိုယ်တော်သည် အပြစ်များကို ခွင့်လွှတ်တော်မူ၍ ဒုက္ခ အခက်အခဲ ရောက်ချိန်၌ ကယ်တင်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၃၇ (Ps 37:3-40);
၃ ထာ ဝရဘုရားကို ခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့၊၊ ပြည်တော်၌ နေ၍ သစ္စာတရားကိ ကျက်စားလော့၊၊
၎ ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့၊၊ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်၊၊
၅ ကိုယ်အမှု အရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊၊
၆ သို့ပြုလျှင်စီရင်တော်မူမည်၊၊ သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့၎င်း၊ တရားသဖြင့် ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့၎င်း၊ ဘော်ပြ တော်မူမည်၊၊
၇ ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ကိုယ်တော်ကို ငံ့လင့်လော့၊၊ မိမိအမှု၌ အောင်တတ်သော သူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်၊၊
၈ အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့၊၊ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ်မရှိစေနှင့်၊၊
၉ ပြစ်မှားသော သူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်၊၊ ထာဝရဘုရားကို မြော်လင့်သော သူတို့မူကား ၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။
၁၀ ခဏကြာပြီးမှ မတရားသောသူသည် မရှိရ၊၊ သူ၏ နေရာကို စေ့စေ့ရှာ၍ မတွေ့ရ၊၊
၁၁ စိတ်နှိမ့်ချသော သူတို့မူကား၊ ပြည်တော်ကို အမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်၊၊
၁၂ မတရားသောသူသည် ဖြောင့်မတ် သော သူတဘက်၌ ကြံစည်၍ အံ့သွားခဲကြိတ်တတ်၏၊၊
၁၃ သို့သော်လည်း သူ၏နေ့ရက်အချိန်ရောက်မည်ကို ဘုရားရှင် သိမြင်၍သူ့ကို ပြုံးရယ်တော်မူ၏၊
၁၄ မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း ဖြောင့်မတ် စွာကျင့်သော သူတို့ကို သတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက် လေးကိုတင်လျက် နေတတ်ကြ၏၊၊
၁၅ သို့သော်လည်း သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်၊၊ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်၊၊
၁၆ ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသော ဥစ္စာထက်သာ၍ ကျေးဇူးရှိ၏၊၊
၁၇ အကြောင်းမူကား ၊ မတရားသောသူ၏ လက်ရုံးသည် ကျိုးရလိမ့်မည်၊၊ ဖြောင့်မတ်သောသူကိုကား ထာဝရဘုရားမစတော်မူ၏၊၊
၁၈ ဖြောင့်မတ်သော သူတို့၏ နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်၊၊
၁၉ သူတို့သည် ခဲယဉ်းသော ကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည် ကာလ၌ ဝစွာစားရကြ၏၊
၂၀ မတရားသော သူတို့မူကား ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်၊၊ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာ အရပ်၏ အသရေကဲ့သို့ ဆုံး၍ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်၊၊
၂၁ မတရားသောသူသည် ချေးငှား၍ မဆပ်ဘဲနေတတ်၏၊၊ ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။
၂၂ ကောင်းကြီးပေး တော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်၊၊ ကျိန်တော်မူခြင်းကို ခံရသောသူမူကား ပယ်ရှင်းခြင်းကို ရောက်ရလိမ့်မည်၊၊
၂၃ ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏၊၊
၂၄ ထိုသူသည်လဲသော်လည်း ဆုံးရာသို့မရောက်ရ၊၊ အကြောင်း မူကား ၊ ထာဝရဘုရားသည် သူ၏ လက်ကို ကိုင်မတော်မူ၏၊
၂၅ ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့်အကြောင်း သူ၏ သားမြေးတို့သည် တောင်း၍ စားရသည် အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင် အောင်မမြင်စဖူး၊၊
၂၆ သူသည် အစဉ်သနားသော စိတ်ရှိသည်နှင့် သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍ သူ၏ သားမြေးတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၏။
၂၇ ဒုစရိုက်ကို လွဲရှောင်၍ သုစရိုက်ကို ပြုလော့၊၊ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်၊၊
၂၈ ထာဝရဘုရားသည် တရားကို နှစ်သက်တော်မူ၏၊၊ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မ မူ၊၊ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲ ခံရကြလိမ့်မည်၊၊ မတရားသောသူ၏ သားမြေးတို့မူကား ပယ်ရှင်းခြင်း ကို ခံရကြလိမ့်မည်၊၊
၂၉ ဖြောင့်မတ်သော သူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။
၃၀ ဖြောင့်မတ်သော သူ၏ နှုတ်သည် ပညာကို မြွက်ဆိုတတ်၏၊ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆို တတ်၏၊၊
၃၁ ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍ သူသွားသောအခါ မချော်မလဲ ရ၊၊
၃၂ မတရားသော သူသည် ဖြောင့်မတ်သောသူကို ချောင်း မြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏၊၊
၃၃ သို့သော်လည်း ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူ ကို စွန့်ပစ်တော်မူမည်မဟုတ်၊၊ အစစ်ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်၊၊
၃၄ ထာဝရဘုရားကို မြော်လင့်၍ လမ်းတော်ကို ရှောက်သွားလော့၊၊ ပြည်တော်ကို အမွေခံရ သော အခွင့်နှင့် မြှောက်တော်မူမည်၊၊ မတရားသော သူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်၊၊
၃၅ မတ ရားသောသူသည် အစိုးတရပြု၍ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့ ကိုယ်ကို ကိုယ်ပြန့်ပွား စေသည်ကို ငါမြင်ရသော်လည်း
၃၆ နောက်တဖန် သူသည် ရွေ့သွား၍ ကွယ်ပျောက်၏၊၊ သူ့ကိုလည်း ငါရှာ၍ မတွေ့ရ။
၃၇ စုံလင်ခြင်းတရားကို စောင့်ရှောက်လော့၊၊ ဖြောင့်မတ်ခြင်း တရားကို ကြည့်ရှုဆင်ခြင်လော့၊၊ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်၊
၃၈ ပြစ်မှားသော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မတရားသော သူတို့သည် အဆုံး၌ ပယ်ရှားခြင်းကို ခံရကြလိမ့်မည်၊၊
၃၉ ဖြောင့်မတ်သော သူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရ ဘုရားစီရင်တော်မူ၏၊၊ ဘေးရောက်သည့် ကာလ၌ သူတို့ခိုလှုံရာ ဖြစ်တော်မူ၏၊၊
၄၀ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော်မူမည်၊၊ ယုံကြည်ခိုလှုံသောကြောင့် မတရားသော သူတို့လက်မှ နှုတ်ယူကယ်တင်တော်မူမည်၊၊
ဂလာတိသြဝါဒစာ အခန်းကြီး ၆ (Gal 6:14);
၁၄ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌မျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင် တော်မှာ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:30-37);
၃၀ ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှသိစေခြင်းငှါ အလိုတော်မရှိ။
၃၁ အကြောင်းမူကား၊ လူသားသည်လူတို့လက်သို့ အပ်နှံခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။
၃၂ ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့နားမလည်သော်လည်း၊ ကိုယ်တော်ကိုမမေး မလျှောက်ဝံ့ကြ။
၃၃ ကပေရနောင်မြို့သို့ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊
၃၄ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု လမ်း၌အချင်းချင်းငြင်းခုံကြ၏။
၃၅ ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။
၃၆ သူငယ်တယောက်ကိုလည်းယူ၍ သူတို့အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက်၊
၃၇ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ် တစုံတယောက် ကိုလက်ခံ၏၊ ထိုသူသည်ငါ့ကို ပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။