Tuesday, 28 February 2017

28-FEB-2017 (READING ORD8 -YA-C1)

Tue the 28th: Sir 35:1-12; Ps 50:5-23; Matt 11:25; Mark 10:28-31
ဆီရပ်ခ်၏နီတိဒေသနာကျမ်း Sir 35:1-12

ဘုရားသခင်နှစ်သက်တော်မူသော ပူဇော်သက္ကာများ
၂။ဥပဒေကို စောင့်ထိန်းခြင်းသည် များစွာသော ပူဇော်
သက္ကာတို့ကိုပူဇော်ဆက်ကပ်ခြင်းနှင့်ညီမျှ၏။ ပညတ် တော်များကို လိုက်နာခြင်းသည် မိတ်သဟာယယဇ်ပူ
၃။ဇော်ခြင်းနှင့်တူပေ၏။ မေတ္တာတရားပြန်လည် တုံ့ပြန် ခြင်းသည် အကောင်းဆုံးသောမုန့်ညက်ကိုပူဇော်ခြင်း ဖြစ်၍ ပေးကမ်းစွန့်ကြဲခြင်းသည်ကျေးဇူးတော်ချီးမွမ်း ရာ ယဇ်ပူဇော်ခြင်းဖြစ်၏။
၎။အပြစ်မကောင်းမှုကိုရှောင် ကြဉ်ခြင်းသည် သခင်ဘုရားကို နှစ်သက် ကျေနပ်စေ သော  နည်းလမ်းဖြစ်၍ မတရားမှုကို ရှောင်ရှားခြင်း သည် အပြစ်ဒဏ် ဆပ်ဖြေရာရောက်၏။
၅။သို့ရာတွင် ကိုယ်တော်ရှင်၏ ရှေ့မျက်မှောက်တော်သို့ လှူဖွယ် လက်မဲ့မလာရောက်လေနှင့်။
အကြောင်းမူကားသင်ပူ ဇော်သမျှ အရာတို့သည် ပညတ်တရားတော်အတိုင်း လိုက်နာ ပြည့်စုံစေခြင်းဖြစ်၏။
၆။ဖြောင့်မတ်သောသူ၏ ပူဇော်သက္ကာသည်ပလ္လင်တော် ကိုဆီဖြင့်လိမ်းကျံစေ၍အမြင့်ဆုံးသောအရှင်သခင်၏  မျက်မှောက်တော်တွင် မွှေးကြိုင်စေသောပူဇော်သက္ကာ
၇။ဖြစ်၏။ဖြောင့်မတ်သောသူ၏ပူဇော်သက္ကာသည်ကိုယ်တော်ရှင် အနှစ်သက်ဆုံးဖြစ်၍ မည်သည့်အခါမျှ မေ့ ပျောက်ခံရလိမ့်မည်မဟုတ်ချေ။
၈။ကိုယ်တော်ရှင်အား ရက်ရောသော စိတ်နှင့် ရိုသေစွာ ရှိခိုးဝပ်ြုပလော့၊ သင်၏ သီးဦးသီးဖျား၊ သီးနှံများကို ပူဇော်ဆက်ကပ်ရာတွင် နှမြောတွန့်တိုခြင်းမရှိနှင့်။
၉။သင်၏ အလှူလက်ဆောင်တော်များကိုြုပံးရွှင်သော မျက်နှာဖြင့် ဆက်ကပ်ပူဇော်၍ သင်၏ဆယ်ဖို့တစ်ဖို့ ကိုလည်း ဝမ်းသာဝမ်းမြောက် ဆက်ကပ်လှူဒါန်းပါ လော့။
၁၀။ကိုယ်တော်သည်သင့်အား ပေးသနားတော်မူသကဲ့သို့ သင်သည်လည်း အမြင့်ဆုံးသောအရှင်သခင်အားသင်  အတတ်နိုင်ဆုံးသောရက်ရောမှုအတိုင်းအတာကိုဆက်
၁၁။ကပ်ပူဇော်ပါလော့။အကြောင်းမူကားကိုယ်တော်သည် အစဉ်အမြဲ ပြန်လည်ပေးသနားတော်မူသောအရှင်ဖြစ် တော်မူ၍သင့်အားခုနှစ်ဆပို၍ချီးမြှင့်တော်မူလိမ့်မည်။
၁၂။သို့သော်ကိုယ်တော်အားတံစိုး၊လက်ဆောင်များ ထိုးမ
ပေးလေနှင့်။ကိုယ်တော်သည် လက်ခံတော်မူမည် မ ဟုတ်။ မရိုးသားမဖြောင့်မှန်သော ပူဇော်သက္ကာများ
၁၂။ဆက်ကပ်ခြင်းအပေါ်မှာအားမထားလေနှင့်။ အ ကြောင်းမူကားကိုယ်တော်သည် တရားမျှတတော်မူ သောဘုရားဖြစ်တော်မူ၏။ကိုယ်တော်သည်  မျက်နှာ လိုက်ခြင်းမရှိ။


ဆာလံကျမ်း အခန်းကြီး ၅၀ (Ps 50:5-23);

၅ ယဇ်ပူဇော်သောအားဖြင့်  ငါ့နှင့် ပဋ္ဋိညာဉ်ဖွဲ့ သော ငါ၏ သန့်ရှင်းသောသူတို့ကို ငါ့ထံသို့ စုဝေးစေကြဟု မိန့်တော်မူ၏၊၊
၆ ဘုရားသခင်သည် ကိုယ်တော်တိုင် ဆုံးဖြတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာပြကြ လိမ့်မည်၊၊
၇ ငါ၏လူများတို့နားထောင်ကြ၊၊ ငါပြောမည်၊၊ အိုဣသရေလအမျိုး သင့်တဘက်၌ ငါသက်သေ ခံမည်၊၊ ငါသည်ဘုရားသခင်ဖြစ်၏၊၊ သင်၏ဘုရားသခင်ဖြစ်၏၊၊
၈ မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
၉ သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
၁၆ မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊
၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊
၁၈ သင်သည်သူခိုးကို မြင်လျှင်သူနှင့် သဘောတူတတ်၏၊၊ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏၊၊
၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍ သင်၏လျှာဖြင့် မုသာကိုစီရင်တတ်၏၊၊
၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏၊၊ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏၊၊
၂၁ ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား၊၊ သင်၏အပြစ်ကို ငါဘော်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်၊၊
၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှု ဆင်ခြင်ကြလော့၊၊ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ၊၊
၂၃ ငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်၊၊ ကျေးဇူးချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);

၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။


ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:28-31);

၂၈ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီဟု လျှောက်လေသော်၊
၂၉ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်င်း၊ ဧဝံဂေလိတရားကြောင့်င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသောတပါးပါးကိုစွန့်၏။
၃၀ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှင်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုင်း၊ နောင်ဘဝ၌ထာဝရအသက်ကို၎င်း ခံရလတံ့။
၃၁ နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသော သူအများတို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။