Sunday, 26 February 2017

26-FEB-2017 (READING ORD8 -YA-C1)

Sun the 26th: Psalter IV, Ordinary Time Week 8.
Isa 49:14-15; Ps 62:1-9; 1 Cor 4:1-5; Hebr 4:12; Matt 6:24-34

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၉ (Isa 49:14-15);

၁၄ ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကိုစွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီဟု ဆိုလေသော်။
၁၅ မိန်းမသည်မိမိဘွားသော သားကိုမသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင် သလော။ အကယ်၍မေ့လျော့သော်လည်း၊ သင့်ကိုငါမမေ့လျော့။

ဆာလံကျမ်း အခန်းကြီး ၆၂ (Ps 62:1-9);

၁ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏၊၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း သည် အထံတော်က သက်ရောက်ရ၏၊၊
၂ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအ ကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍ ၊ ငါ၌ လှုပ်ရှားခြင်းများစွာမရှိရာ၊၊
၃ သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက် သောသူကို တိုက်ကြမည်နည်း၊၊ သူ့ကိုတိမ်းသော အုတ်ရိုး၊ လှုပ်သောထရံကဲ့သို့မှတ်၍ သင်တို့ အပေါင်းသည် အဘယ်မျှ ကာလပတ်လုံးဖြိုဖျက်ကြမည်နည်း၊၊
၎ ထိုသူကိုမြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက်နေကြ၏၊၊ မုသာကို နှစ်သက်ကြ၏၊၊ နှုတ်ဖြင့်ကား ကောင်းကြီးကိုပေးလျက် နှလုံး၌ကား ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏၊၊
၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏၊၊ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊၊
၆ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာဖြစ်တော်မူ၍ ငါသည် လှုပ်ရှားခြင်းမရှိရာ၊၊
၇ ငါ့ကို ကယ်တင်ခြင်း အကြောင်း ငါ၏ဘုန်းပွင့်ခြင်း အကြာင်းကား ဘုရားသခင်ပေတည်း၊၊ ငါ့ကိုအားပေးသော ကျောက်၊ ငါခိုလှုံရာကား၊ ဘုရားသခင်ပေတည်း၊၊
၈ အိုလူ များတို့ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့၊၊ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့၊၊ ဘုရားသခင်သည် ငါတို့ခိုလှုံ ရာဖြစ်တော်မူ၏၊၊
၉ အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ အသရေရှိသောသူတို့သည် မုသာဖြစ်ကြ၏၊၊ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တ ထက်သာ၍ ပေါ့ကြ၏၊၊

 ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 Cor 4:1-5);

၁ ခရစ်တော်၏ အစေအပါကဲ့သို့၎င်း၊ ဘုရာသခင်၏ နက်နဲသောအရာတို့ကို စောင့်သောဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတပါးသည် ငါတို့ကိုမှတ်ပါစေ။
၂ ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။
၃ သင်တို့မှစ၍ အခြားသော လူများတို့သည် ငါ့ကိုသစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါကိုယ်ကိုငါမစီရင်။
၎ အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကိုအပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည်အပြစ်လွတ် သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။
၅ ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်းစေ ၍ စိတ်နှလုံးအကြံအစည်များကိုထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောခါ၊ အသီးအသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်း ကျေးဇူးကိုခံရကြလတံ့။

ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Hebr 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆ (Matt 6:24-34);

၂၄  အဘယ်သူမျှသခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တဦးကိုမုန်း၍တဦးကိုချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။
၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည် ဟုကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက်ကိုယ်မြတ်သည်မဟုတ်လော။
၂၆ မိုဃ်းကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင် ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်းကောင်း ကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
၂၇ အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ အသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
၂၈ အဝတ်အဘို့၌အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည်အဘယ်သို့သောအားဖြင့် ကြီးပွား သည်ကိုဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။
၂၉ သို့သော် လည်းဘုန်းကြီးသောရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကိုမမှီဟုငါဆို၏။
၃၀ ယုံကြည် အားနည်း သောသူတို့၊ ယနေ့အသက်ရှင်လျက် နက်ဖြန်မီးဖိုထဲသို့ ရောက်သောတောမြက်ပင်ကို ဘုရားသခင်သည်ထိုသို့သော အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော။
၃၁ ထိုကြောင့် အဘယ် သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍မစိုးရိမ်ကြနှင့်။ ထိုအရာများကိုသာ သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။
၃၂ ထိုအရာများကိုသင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့ အဘသည်သိတော်မူ၏။
၃၃ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ် ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံ့။
၃၄ ထိုကြောင့် နက်ဖြန် အဘို့မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိ အဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့လောက်ပေ၏။