Thursday, 30 November 2017

30-NOV-2017 (READING -ORD34-YA-C1)

Thu the 30th:    Feast of Andrew, apostle.
Dan 6:12-28; Dan 3:68-74; Luke 21:28; Luke 21:20-28

ဒါနီအဲလ်အနာဂတ္တိကျမ်း Dan 6:12-28;

ထိုသို့ဒါနီအဲလ်သည်မိမိဘုရားသ ခင်ရှေ့မှာ ဆုတောင်းပဌာနြာုပလျက်နေသည်ကို
ချောင်းမြောင်းကြည့်နေကြသော မှူးမတ်များတို့တွေ့
၁၂။ သော အခါသူတို့သည် ဘုရင်မင်းမြတ်ထံသို့သွားကြ ၍တားမြစ်ထားသောအမိန့်တော်အကြောင်းကို အသိ
ပေးကြ၏။ အို ဘုရင်မင်းမြတ်၊ အရှင်မင်းကြီးမှ တစ်ပါးမည်သည့်ဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ ရက် ပေါင်းသုံးဆယ်အတွင်း မည်သူမျှ ဆုတောင်းပဌာနာ မြုပရ။ြုပသောသူကို ခြင်္သေ့သားရဲတွင်းသို့ ပစ်ချစေ ရမည်ဟူသောအမိန့်တော်ကို ထုတ်ပြန်ခဲ့သည်မဟုတ် ပါလော့ဟု မေးကြလျှင် ဘုရင်က ဤအမိန့်သည် မပြောင်းလဲ မရုပ်သိမ်းနိုင်သော မေဒိနှင့်ပါရှားဥပဒေ
၁၃။ ဖြစ်သည်ဟု ပြန်ပြောလေ၏။ ထိုအခါသူတို့က အို ဘုရင်မင်းမြတ် ပြည်နှင်ဒဏ်ခံရသူဂျုဒလူမျိုး ဒါနီ အဲလ်သည်အရှင်မင်းကြီးကိုလည်းကောင်း၊ အရှင် မင်းကြီး ထုတ်ပြန်သော အမိန့်ကိုလည်းကောင်း၊ မထီလေးစာြးုပ၍တစ်နေ့လျှင် သုံးကြိမ် သူ၏ဆု တောင်းမေတ္တာများကိုြုပလုပ်လျက် ရှိပါသည်ဟု
၁၄။ လျှောက်ထားကြ၏။ ဘုရင်သည်လည်း ထိုစကားကို ကြားလျှင် စိတ်မကောင်းဖြစ်လျက် ဒါနီအဲလ်ကို ကယ်ဆယ်ရန် စိတ်ဆုံးဖြတ်ထားလေ၏။ သူသည် နေဝင်သည်တိုင်အောင်  သူ့ကို ကယ်တင်ရန် ကြိုး
၁၅။ ပမ်း အားထုတ်ခဲ့၏။ သို့သော်ထိုသူတို့ကအကြိမ် ကြိမ်တောင်းဆိုလျက်အိုဘုရင်မင်းမြတ်မေဒိနှင့်ပါရှားဥပဒေအရဘုရင်၏အမိန့်တော်ထုတ်ပြန်ပြီးသမျှသည်ပြန်လည်၍ရုပ်သိမ်းရန်၊ ပျက်ပြယ်ရန် မဖြစ်နိုင်ဟု
၁၆။ လျှောက်တင်ကြ၏။ ထို့ကြောင့် ဘုရင်သည်လည်း ဒါနီအဲလ်အားခေါ်ဆောင်စေပြီးကာ၊ ခြင်္သေ့သားရဲ တွင်းထဲသို့ပစ်ချရန် အမိန့်ကိုထုတ်ပြန်ရပြီး၊ ဒါနီ အဲလ်အား မိန့်တော်မူသည်မှာ သင်သစ္စာရှိစွာ ကိုး ကွယ်အစေခံသော ဘုရားသခင်သည်သင့်ကို ကယ်
၁၇။ တင်ပါစေဟုဆို၏။ သားရဲတွင်းဝကို ပို၍သေချာစေ ရန် ပိတ်ဆို့ခြင်းငှါ ကျောက်တုံးဖြင့် ပိတ်ဆို့၍ ဘုရင်၏ လက်စွပ်တံဆိပ်တော်နှင့်လည်းကောင်း၊ မှူးမတ်များ၏ လက်စွပ်တံဆိပ်များနှင့်လည်းကောင်း
၁၈။ ခတ်နှိပ်ကြ၏။ ထို့နောက် ဘုရင်သည် နန်းတော်သို့ ညအချိန် ပြန်လာသောအခါ ညစာကိုလည်း မသုံး ဆောင်ဘဲ၊ မောင်းမမိဿံ တို့ကိုလည်းပြန်လွှတ် လိုက်လေ၏။ ဘုရင်သည်တစ်ညလုံးအိပ်၍ မပျော်
၁၉။ သောကြောင့်။ နောက်တစ်နေ့တွင် နံနက်စောစော ထပြီး၊ ခြင်္သေ့သား ရဲတွင်းရှိရာသို့ အလျင်အမြန်သွား လေ၏။
၂၀။ ထိုနေရာသို့ ရောက်လုနီးသော် သူသည် ဝမ်းနည်း ကြေကွဲသော အသံဖြင့်ဒါနီအဲလ်ကို အော်ဟစ်ခေါ် လျက် အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်၊ ဒါနီအဲလ်၊ သင်သစ္စာရှိစွာ ကိုးကွယ် အစေခံသော ဘုရားသခင်သည် သင့်ကိုခြင်္သေ့များရန်မှကယ်လွှတ်
၂၁။ နိုင်သလောဟု မေးလေ၏။ ဒါနီအဲလ်ကလည်း ဘုရင်အား အို ဘုရင်မင်းမြတ် အစဉ်အမြဲအသက်ရှင်
၂၂။ ပါစေ။ ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏တမန် တော်ကိုစေလွှတ်၍ ခြင်္သေ့တို့၏ ပါးစပ်ကို ပိတ်ထား တော်မူသဖြင့် ゞင်းတို့သည် ကျွန်ုပ်ကိုအန္တရာယ်မပေး နိုင်ခဲ့ကြပါ။ အကြောင်းမူကား ကျွန်ုပ်သည် ဘုရား သခင်၏ ရှေ့မျက်မှောက်တော်မှာ အပြစ်ကင်းစင် ပါ၏။ အရှင် မင်းကြီးကိုလည်း ကျွန်ုပ်သည်မည် သည့်မကောင်းမှုကိုမျှ မြုပပါဟု ပြန်ဖြေလေ၏။
၂၃။ ထိုအခါ ဘုရင်သည် အလွန်ဝမ်းမြောက်သဖြင့် ဒါနီ အဲလ်ကို သားရဲတွင်းထဲမှ ထုတ်ယူစေရန်မိန့်တော် မူလေ၏။ သူသည် ဘုရားသခင်ကို ယုံကြည်အား ကိုးသောကြောင့်သူ၌ ထိခိုက်အနာတရတစ်ခုမျှမရှိချေ။
၂၄။ ဘုရင်သည်လည်းဒါနီအဲလ်အား စွပ်စွဲ အပြစ်တင် ကြသော သူတို့ကို သူတို့ သားမယားတို့နှင့်တကွ ခြင်္သေ့တွင်းထဲသို့ ပစ်ချစေလျှင် သူတို့သည် သားရဲ တွင်း၏ အောက်ခြေသို့ မရောက်မီပင် ခြင်္သေ့တို့ သည် ကိုက်ဖြတ်စားသောက်ကြသဖြင့် သူတို့အရိုးရှိ
၂၅။ သမျှတို့ကို ချိုးဖဲ့ကြလေ၏။ ဤသို့ဖြင့် ဒါရီဦးဘုရင် သည်ကမ္ဘာပေါ်ရှိအရပ်ရပ်၌နေထိုင်ကြသည့်ဘာသာစကား အမျိုးမျိုးကို ပြောကြသောတိုင်းနိုင်ငံများနှင့်လူ မျိုးအပေါင်းတို့ထံသို့ အမိန့် စာချွန်တော်ရေးလိုက်
သည်မှာငြိမ်းချမ်းသာယာခြင်းသည်သင်တို့အားလုံး၌  
၂၆။ ပြည့်စုံပါစေသော်။ ငါ၏ နိုင်ငံတော် တစ်ဝှမ်းလုံး၌ သင်တို့သည် ဒါနီအဲလ်၏ဘုရားသခင်ကိုကြောက် ရွံ့ရို သေရှိခိုးကြရမည်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား ကိုယ်တော်သည် အသက်ရှင်တော် မူသော ဘုရား ဖြစ်၍ အစဉ်ထာဝရလည်း တည်တော်မူ၏။ ကိုယ်တော်၏ နိုင်ငံတော်သည်ပျက် စီးခြင်းသို့ မရောက်နိုင်ဘဲ ဘုန်းအာဏာတော်သည်
၂၇။ စဉ်အဆက်တည်နေလိမ့်မည်။ ကိုယ်တော်သည်လွတ် မြောက်ခြင်းနှင့် ကယ်တင်ခြင်းကိုပေးသော အရှင် သခင်ဖြစ်တော်မူ၍ ကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဩဖွယ်ရာ လက္ခဏာတို့ကိုြုပတော်မူ၏။ ကိုယ် တော်သည် ဒါနီအဲလ်ကိုခြင်္သေ့၏ရန်မှ ကယ်တင် တော်မူ၏။
၂၈။ ဤသို့ဖြင့် ဒါနီအဲလ်သည်ဒါရီဦးဘုရင်နှင့် ပါရှား ဘုရင်ဆိုင်းရုလက်ထက်တွင် ကြီးပွားအောင်မြင်စွာ အမှုထမ်းခဲ့၏။

ဒါနီအဲလ်အနာဂတ္တိကျမ်း အခန်းကြီး (၃) (ီညေ ၃ါ်၆၈-၇၄)း

၆၈။ လော့။နှင်းရည်နှင့်နှင်းခဲတို့သခင်ဘုရားကိုကောင်းချီး ပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီး
၆၉။ မွမ်းကြလော့။ ဆီးနှင်းခဲနှင့် အအေးဓာတ်တို့ သခင် ဘုရားကိုကောင်းချီးပေးကြလော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။
၇၀။ ရေခဲနှင့် နှင်းခဲတို့ သခင်ဘုရားကို ကောင်းချီးပေးကြ လော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်း
၇၁။ ကြလော့။ ညနှင့်နေ့များတို့ သခင်ဘုရားကို ကောင်း ချီးပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာ
၇၂။ ဝရချီးမွမ်းကြလော့။ အလင်းနှင့်အမှောင်ထုတို့သခင် ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။ လျှပ်စီးနှင့်
၇၃။ တိမ်တိုက်များတို့ သခင်ဘုရားကို ကောင်းချီးပေးကြ လော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရချီးမွမ်း
၇၄။ ကြလော့။မြေကြီးသည်သခင်ဘုရားအားကောင်းချီးပေးပါစေ။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်း ကြလော့။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:28);

၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:20-28);

၂၀ ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။
၂၁ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။
၂၂ အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။
၂၃ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့် မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ ယုဒလူမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက် လိမ့်မည်။
၂၄ သူတို့သည် ထားဘေးဖြင့်ပျက်ဆီးခြင်း သို့ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်းသွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမည်တိုင်အောင် ယေရှုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။
၂၅ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊
၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။


Wednesday, 29 November 2017

29-NOV-2017 (READING -ORD34-YA-C1)

Wed the 29th: Dan 5:1-28; Dan 3:62-67; Rev 2:10; Luke 21:12-19

ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး (Dan 5:1-28);

တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသောပွဲကိုလုပ်၍၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။
စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရုရှလင်မြို့ ဗိမာန်တော်ထဲက ခမည်းတော် နေဗုခဒ်နေဇာသိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင် မှစ၍ မင်းသား၊ မိဖုရား၊ မောင်မမိဿံတို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော် ရှိသည်အတိုင်း၊
ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလား တို့ကို ယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။
စပျစ်ရည်ကို သောက်၍၊ ရွှေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်းကြ၏။
ထိုအချိန်နာရီတွင် လူ၏လက်ဖျားသည် ပေါ်လာ၍ မီးခုံအထက်၊ နန်းတော်အုပ်ထရံ အင်္ဂတေ၌ အက္ခရာ တင်၍ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင်မြင်တော်မူလျှင်၊
မျက်နှာတော်ညှိုးငယ်၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးခြင်းထိခိုက်သည်ရှိသော်၊
ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင်၊ ထိုစာကိုဘတ်၍ အနက်ကိုဘော်ပြ နိုင်သော သူသည် အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ၍၊
ပညာရှိဆရာတော် အပေါင်းတို့သည် လာရောက်ကြသော်လည်း၊ ထိုစာကိုမဘတ်နိုင်ကြ။ အနက်အဓိပ္ပါယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သော ကြောင့်၊
ဗေလရှာဇာမင်းကြီးသည် အလွန်စိတ်ပူပန်ခြင်း၊ မျက်နှာတော်ညှိုး ငယ်ချင်းရှိ၍၊ မှူးတော် မတ်တော်တို့သည် မှိုင်လျက်နေကြ၏။
၁၀ ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင်၏စကား၊ မှူးမတ်တို့၏စကားကို ကြားသိလျှင်၊ ပွဲတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ စိတ်တော်ပူပန်ခြင်း မရှိပါနှင့်။ မျက်နှာညှိုးငယ်တော်မမူပါနှင့်။
၁၁ သန့်ရှင်းသောဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသောသူ တယောက် သည် နိုင်ငံတော်တွင် ရှိပါ၏။ ခမည်း တော်ဘုရား လက်ထက်တော်၌၊ ထိုသူတွင်ဘုရားပညာနှင့်တူသော ပညာဥာဏ်သတ္တိထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီးသည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော်မူ၏။
၁၂ အကြောင်းမူကား၊ အိပ်မက်အနက်ကိုဘတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆြွာအမေးကို ဖြေခြင်းငှါ တတ်စွမ်းနိုင်သော ဥာဏ်ပညာနှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလအမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင်ပေး သနားတော်မူ၏။ ထိုဒံယေလကိုခေါ်တော်မူလျှင်၊ အနက်ကိုဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊
၁၃ ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ၏။ ရှင်ဘုရင်က၊ ငါ့ခမည်းတော်ဘုရားသည် ယုဒပြည်ကသိမ်းယူတော်မူခဲ့၍၊ ယုဒလူစု၌ ပါသော ဒံယေလမှန်သလော။
၁၄ သင်သည် ဘုရားသခင်၏ ဝိညာဉ်နှင့်င်း၊ ထူးဆန်းသော ပညာဥာဏ်သတ္တိနှင့်င်း၊ ပြည့်စုံသည်ဟု သင်၏သိတင်းကို ငါကြား၏။
၁၅ ထိုစာကို ဘတ်၍ အနက်ကို ငါ့အားဘော်ပြစေခြင်းငှါ ဗေဒင်တတ် ပညာရှိတို့ကို ငါ့ထံသို့သွင်းသော်လည်း၊ သူတို့သည် အနက်ကိုမဘော်မပြနိုင်ကြ။
၁၆ သင်သည် အနက်များကို ဘော်ပြ၍ ပုစ္ဆြွာအမေးတို့ကို ဖြေနိုင်သည်ဟု ငါကြားပြီးသည်အတိုင်း၊ ထိုစာကိုဘတ်၍ အနက်ကိုငါ့အား ဘော်ပြ နိုင်လျှင်၊ အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
၁၇ ဒံယေလကလည်း၊ ဆုတော်လပ်တော်ကို ကိုယ်တော်၌ရှိစေတော်မူပါ။ ပေးလိုသောအရာများကို အခြား သူအား ပေးသနားတော်မူပါ။ သို့သော်လည်း၊ ရှေ့တော်၌ ထိုစာကိုဘတ်၍ အနက်ကိုဘော်ပြပါမည်။
၁၈ အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော်နှင့်တကွ ရွှေဘုန်းတော်မြတ်၊ ဂုဏ်အသရေကို ပေးသနားတော်မူ၏။
၁၉ ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ် ကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လိုသောသူတို့ကို သတ်တော်မူ၏။ အသက်ရှင် စေလိုသော သူတို့ကို ရှင်စေတော်မူ၏။ မြှောက် လိုသောသူတို့ကို မြှောက်တော်မူ၏။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ၏။
၂၀ မာန်မာနစိတ်နှင့် ထောင်လွှား စော်ကားခြင်းရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော်မှာကျ၏။
၂၁ လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ၍ တိရစ္ဆာန်သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကိုအုပ်စိုး၍၊ အလိုတော်ရှိသောသူ တို့အား အပ်တော်မူသည်ကို မသိမမှတ်မှီတိုင်အောင်၊ မြည်းရိုင်းတို့နှင့် ပေါင်းဘော်လျက်၊ နွားကဲ့သို့မြက်ကိုစားလျက်၊ မိုဃ်းစွတ်ခြင်းကိုခံ၍ နေရ၏။
၂၂ အရှင်သားတော် ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ၊
၂၃ ကောင်းကင်ဘုံ၏အရှင်ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန်တော်၏ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ ကိုယ်တော်တိုင်မှစသော မှူးတော်မတ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့်စပျစ်ရည်ကို သောက်ကြပြီတကား။ မျက်စိမမြင်၊ နားမကြား၊ အဘယ်အရာကိုမျှမသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း၍၊ ကိုယ်တော်၏အသက်သခင်တည်း ဟူသော ကိုယ်တော် ၏အမှုအလုံးစုံတို့ကို စီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲနေပါပြီတကား။
၂၄ ထိုကြောင့်၊ လက်ဖျားကို စေလွှတ်၍ ထိုစာကိုရေးစေတော်မူ၏။
၂၅ စာချက်ဟူမူကား၊ မေနေမေနေ၊ တေကလ၊ ဖေရက်ဟု အက္ခရာတင်လျက် ရှိ၏။
၂၆ မေနေ၏အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော်၏နိုင်ငံကို ဘုရားသခင်ရေတွက်၍ ဆုံးစေတော်မူ၏။
၂၇ တေကလ ၏အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်ကိုချိန်ခွင့်နှင့်ချိန်၍ လျော့ကြောင်းကို တွေ့မြင်တော်မူ၏။
၂၈ ဖေရက်၏အနက် အဓိပ္ပါယ်ကား၊ နိုင်ငံတော်ကိုခွဲဝေ၍ မေဒိလူ၊ ပေရသိလူတို့အား အပ်ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြားလျှောက်ထား၏။
၂၉ ထိုအခါ ဗေလရှာဇာမင်းကြီး မိန့်တော်မူသည်အတိုင်း၊ ဒံယေလကို အဝတ်နီဝတ်ဆင်စေ၍ လည်ပင်း၌ရွှေစလွယ်ဆွဲပြီးမှ နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်ဟု မြို့ကိုလည်၍ ဟစ်ကြော်ကြ၏။
၃၀ ထိုညဥ့်၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာမင်းသည် အသက်ဆုံး၍၊ မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ်နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။

ဒါနီအဲလ်အနာဂတ္တိကျမ်း  Dan 3:62-67;

၆၂။ နေနှင့်လတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်
၆၃။ ထာဝရ ချီးမွမ်းကြလော့။ ကောင်းကင်ကြယ်တာရာ အပေါင်းတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရချီးမွမ်းကြလော့။
၆၄။ ရွာသွန်းသော မိုးနှင့် နှင်းရည်များတို့သခင်ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍  အစဉ်ထာဝရ  ချီးမွမ်းကြလော့။
၆၅။ လေပြင်း အပေါင်းတို့ သခင်ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ  
၆၆။ ချီးမွမ်းကြလော့။ မီးနှင့် အပူဓါတ်တို့သခင်ဘုရားကို ကောင်းချီး ပေးကြလော့။  ကိုယ်တော်ကို ဂုဏ်ြုပ၍  
၆၇။ အစဉ်ထာဝရ ချီးမွမ်းကြလော့။ အအေးဓာတ်နှင့်အပူ ဓာတ်တို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။  ကိုယ်တော်ကို  ဂုဏ်ြုပ၍ အစဉ်ထာဝရ  ချီးမွမ်းကြ လော့။


ဗျာဒိတ်ကျမ်း အခန်းကြီး (Rev 2:10);

၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:12-19);

၁၂ ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှင်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့် မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။
၁၃ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသော အခွင့်ရှိကြလိမ့်မည်။
၁၄ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွကမဆင်ခြင်ခြင်းငှါ သတိထားကြလော့။
၁၅ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဥာဏ်သတ္တိကို ငါပေးမည်။
၁၆ သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကိုအပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။
၁၇ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။
၁၈ သို့သော် လည်း သင်တို့ဆံခြည်တပင်မျှ မပျက်ဆီးရ။
၁၉ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်း သို့ရောက် ကြလော့။